(၃၆) နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

နေ့စွဲ – ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၈) ရက်။

၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ အစပြုခဲ့သည့် စစ်အာဏာရှင်စနစ်အား နိုင်ငံတ၀ှမ်း ဆန့်ကျင်ဆန္ဒပြခဲ့ သော ၈၈၈၈ အရေးတော်ပုံနေ့ကြီး (၃၆) နှစ်ပြည့် အထိမ်းအမှတ်ပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၈ စက္ကန့်မျှ ငြိမ်သက်ခြင်း၊ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသော ကရင်အမျိုးသားအစည်းအရုံး KNU စစ်ရေးချုပ်ရုံးမှ‌ ဆရာစောဘိုးလို၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၏ ဥက္ကဌဖြစ်သူ ဦးအောင်မိုးဇော်၊ Social Action for Children and Women (SAW) အဖွဲ့၏ Founder ဖြစ်သူ ဒေါ်အေးအေးမာ နှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးတို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ကြကာ မယ်တော်ဆေးခန်း၏ Founder ဖြစ်သူ ဆရာမစင်သီယာမောင်မှလည်း Online မှတဆင့် အမှာစကားများ ပြောကြားပေးခဲ့ပြီး ၈၈၈၈ အရေးတော်ပုံ ဖြစ်ပေါ်လာမှုနှင့် တိုက်ပွဲဝင်ခဲ့မှုများ၊ ၈၈၈၈ မှစ၍ ယခုလက်ရှိတိုင် အာဏာရှင်များအား တော်လှန်ခဲ့ကြသော ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းအား လေးစားဂုဏ်ယူကြောင်း၊ ကရင်လူမျိုးများ အနေဖြင့် ယခုအာဏာရှင် တော်လှန်ရေးတွင် ပြည်သူများနှင့်အတူပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း၊ ရှေ့ဆက်၍လည်း အာဏာရှင် များအား အမြစ်ပြတ်ဖြုတ်ချပြီး လွတ်လပ်၍တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးရရှိပြီး ဆက်လက်တိုက်ပွဲဝင်သွားကြရန် နှိုးဆော်တိုက်တွန်းခဲ့ကြပါသည်။

ထို့‌နောက် တက်ရောက်လာကြသော ဆရာ/ ဆရာမများအား နံနက်စာဖြင့်ကျွေးမွေးဧည့်ခံခဲ့ပြီး အခမ်းအနား အား အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!