နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) သင်တန်းဆင်းပွဲ

ရက်စွဲ။              ။၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ မှ (၁၅) ရက်အထိ (၁၅) ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နေ့လည် (၂) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၄၄) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၀) ဦး (သင်တန်းသား (၅) ဦး နှင့် သင်တန်းသူ (၅) ဦး) ရှိပါသည်။

သင်တန်းဆင်းပွဲတွင်        ဦးစွာပထမ သင်တန်းဆရာမမေသန္တာလှိုင် မှ အခမဲ့ အခြေခံ မော်တာစက်ချုပ် သင်တန်းအပတ်စဉ် (၄၂) အား သင်တန်းအစမှ ပြီးဆုံးသည်အထိ ကြိုးကြိုးစားစား အောင်မြင်အောင် တက်ရောက်ခဲ့ ကြသော သင်တန်းသူများ အား ကျေးဇူးတင်ရှိပါကြောင်း၊            New Myanmar Foundation ဘက်မှလည်း တတ်နိုင်သ၍ ကူညီပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသူများအချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် သင်တန်း သား/သူ များအနေဖြင့် စက်ချုပ်ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်း      ဆရာမများထံ အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း    မိမိတို့ တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလိုကြောင်း နှင့်             နောင်တစ်ချိန်တွင် သင်တန်းသားများကိုယ်တိုင် စက်ချုပ်သင်တန်းများ ပြန်လည်ပို့ချနိုင် သည်အထိ         ဆက်လက်ကြိုးပမ်း အားထုတ်သွားစေလိုကြောင်း နှင့် အလုပ်အကိုင် ကြိုးစားရှာဖွေကြရန် တို့ကို ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတက်ရောက်ပြီးစီးခဲ့သော သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်များ ချိတ်ဆက်ရှာဖွေပေးမည့် ကိုညီညီဦးမှလည်း အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သတ်၍ သိရှိထားရမည့်အချက်များကို သေချာစွာရှင်းလင်းပြောပြပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

            နောက်ဆုံးအနေဖြင့် သင်တန်းတာဝန်ခံမှ    သင်တန်းကာလတလျှောက် စေတနာပြည့်ဝစွာဖြင့် သင်ကြားပြသ ပေးခဲ့သော သင်တန်းဆရာမကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကာလအတွင်း ဆရာမ၏ သင်ကြားမှုအောက်တွင် စက်ချုပ်ပညာရပ်ကို လုံ့လဝီရိယအပြည့်ဖြင့် အကောင်းဆုံးကြိုးစားသင်ယူခဲ့သည့် သင်တန်းသားအားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ သင်တန်းပြီးဆုံးသွားသော်လည်း သင်တန်းသား၊ သင်တန်းသူများ အချင်းချင်း မိသားစုဝင်များကဲ့သို့ တစ်ဦးနှင့်တစ်ဦး စည်းစည်းလုံးလုံးရှိကာ တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ကူညီရိုင်းပင်းကြရန်လည်းကြောင်း၊ သင်တန်းပြီးဆုံးပြီဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအတွက် အလုပ်အကိုင်

များရရှိ ရန်အတွက်လည်း ချိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေးဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့အား ပြောကြားခဲ့ပါသည်။ 

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/ သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားသာချက်/အားနည်းချက်များ နှင့်    ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ ကြပါသည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသား/သူ (၁၀) ဦး တို့အား သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!