New Myanmar Foundation မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၄၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ရက်စွဲ။ ။ အောက်တိုဘာလ (၂၄) ရက် ၊ ၂၀၂၄ ခုနှစ်။

မဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက်ရှိပါသည်။

Japan’s Official Development Assistance-ODA ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်၍ သင်တန်းအပတ်စဥ် (၄၆) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို နိုဝင်ဘာလ (၄) ရက်နေ့ မှ (၁၅) ရက်နေ့အထိ သတ်မှတ်ထားပါသည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပြီး အသက် (၃၅) နှစ်အောက် အမျိုးသမီး ဦးစားပေးခေါ်ယူမည်ဖြစ်ပါသည်။

ယခု အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်သော Google Form အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး လျှောက်ထားသူဦးရေ (၃၀) သာ အများဆုံး လက်ခံပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ (၃၁) နေ့ ညနေ (၅) နာရီထက် ကျော်လွန်၍ လျှောက်ထားလာသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားခြင်းပြုမည်မဟုတ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

မဲဆောက်ရောက် မြန်မာပြည်သူညီအစ်ကို မောင်နှမများအနေဖြင့် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော စည်းကမ်းချက်များကို လိုက်နာနိုင်ပါက အောက်ဖော်ပြပါ သင်တန်းလျှောက်ထားရန် လင့်ခ်တွင် အချက်လက်များ ဖြည့်သွင်း၍ ‌လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားသည့် သင်တန်းအပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါက ထပ်မံဖွင့်လှစ်သွားမည့် သင်တန်းအပတ်စဉ် အသစ်များတွင် လျှောက်ထားနိုင်ပါသည်။‌

မှတ်ချက်* ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေပေးသွားမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ် အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများသာ လျှောက်ထားပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူ့တွေ့အင်တာဗျူး တက်ရောက်ပေးရန် ဆက်သွယ်သွားမည်ဖြစ်ပါသောကြောင့် သင်တန်း လျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန် Link: https://forms.gle/T6Ma9LjS7UddP6pM6

New Myanmar Foundation ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

Phone: +66 9 4885 5116

Signal: +66 9 2783 3262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!