အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ရိက္ခာလျှောက်ထားနိုင်သူများမှာ

၁။ (မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန် စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူ မရှိ သူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ် များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထားနိုင်ပါသည်။

၂။ အရပ်သား CDM များ လျှောက်ထား၍ မရသေးပါ။ သို့သော် ၎င်းတို့မိသားစုများ လျှောက်ထားနိုင်ပါသည်။

၃။ စစ်/ရဲ CDM များနှင့် ၎င်းမိသားများအနေဖြင့် မိသားစုဝင် (၄) ဦးထက်ပိုသည့် မိသားစုများ လျှောက်ထားနိုင်ပါ သည် ။ လျှောက်ထားရာတွင် မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ ကလေးများ (အုပ်ထိန်းသူမရှိသူများ) ၊ အသက်(၆၀)အထက်ပုဂ္ဂိုလ်များ (ကျော ထောက် နောက်ခံ သား/သမီး မရှိသူများ) သာ လျှောက်ထားနိုင်ပါသည်။

၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ အနေဖြင့် လျှောက်ထားရာတွင် မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ ကလေးများ (အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက်နောက်ခံ သား/သမီး မရှိသူများ)သာ လျှောက်ထားနိုင်ပါ သည်။

၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများ အနေဖြင့်လည်း လျှောက် ထားနိုင်ပါသည် ။

၆။ အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

ရိက္ခာလျှောက်ထားရမည့်ကာလ

𝟐-𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫-𝟐𝟎𝟐𝟒 မှ 𝟏𝟓- 𝐃𝐞𝐜𝐞𝐦𝐛𝐞𝐫 -𝟐𝟎𝟐𝟒

ရိက္ခာရရှိမည့် ကာလ

𝟐𝟎𝟐𝟓, 𝐉𝐚𝐧𝐮𝐚𝐫𝐲 & 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 (𝟐) လစာရရှိမည်

⚠️ မှတ်ချက် ။ ။ မေတ္တာရပ်ခံလိုသည်မှာ အလှူရှင်ထံတွင် ဇန်နဝါရီ ၊ ဖေဖော်ဝါရီ (၂) လစာအတွက် တင်ပြပေးသွား မည်ဖြစ်ပြီး ထို (၂) လစာအတွက် အလှူရှင်များ အနေဖြင့် ရိက္ခာပစ္စည်း ရိက္ခာမျှဝေနိုင်ခြင်း ရှိ/မရှိ မသေချာကြောင်း ကြိုတင်အသိပေး အပ်ပါသည်။ ⚠️

ရိက္ခာလျှောက်ထားမှုပုံစံ

📢 ရိက္ခာလျှောက်ရန် ရုံးဖုန်း (𝟬𝟲𝟱 𝟵𝟮𝟱 𝟮𝟭𝟳𝟯) သို့ ရိက္ခာလျှောက်ရန် သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက် ဖုန်းဆက်၍ လည်းကောင်း ၊ 𝐒𝐢𝐠𝐧𝐚𝐥 မှ ဖုန်းဆက်၍ လည်းကောင်း လျှောက် ထားရမည် ဖြစ်ပါသည်။

📢 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်ပါက Signal တွင် စာပို့မေးမြန်းထားနိုင်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!