• New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်သစ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး နိုဝင်ဘာ ၊ ဒီဇင်ဘာ (၂) လစာ (၉၉) ဦး အား အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။
• အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် လစဉ် (၅၀) ဦးသာ သတ်မှတ်မျှဝေပေးသွားနိုင် မည်ဖြစ်ပြီး ပုံမှန်ရိက္ခာမျှဝေသည့် အစီအစဉ်၏ အလှူရှင်နှင့် မတူသည့်အတွက် မျှဝေမည့် ရိက္ခာအမျိုးအစား မတူညီကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။
• ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။
• ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလော ရောက်ရှိလာသည့်သူများ / လတ်တလော ရိက္ခာ အခက်အခဲဖြစ်နေသူများ လျှောက်ထားနိုင်ပါ သည် ။
• ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး လျှောက်ထားသည့် တစ်ပတ်အတွင်း အရေးပေါ် အခြေခံစားနပ်ရိက္ခာ မျှဝေရန် စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
• လျှောက်ထားနိုင်သည့် ပုံစံမှာ ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်း 0659252173 ရိက္ခာဖုန်းသို့ တိုက်ရိုက် ဆက်သွယ်လျှောက်ထားရန် ဖြစ်ပါသည်။
• အရေးပေါ်အခြေခံစားနပ်ရိက္ခာ လျှောက်ထားသည့် ကာလအား လစဉ် (၁၆) ရက်နောက်ပိုင်းတွင် လျှောက်လွှာ ခေါ်ယူခြင်းကို New Myanmar Foundation Facebook Page တွင် ယခုကဲ့သို့ ကြေငြာပေးသွား မည်ဖြစ်ပါ သည်။
• ၂၀၂၅ ၊ ဇန်နဝါရီလ အတွက်ကိုမူ ယနေ့ (၁၉-၁၂-၂၀၂၄) ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပါသည် ။ စိစစ်ရွေး ချယ်ပြီး သတ်မှတ် လူဦးရေ ပြည့်ပါက NMF Facebook Page တွင် ပြန်လည်ကြေငြာပေးသွားမည် ဖြစ်ပါသည် ။
• ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက် များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signal တွင် စာပို့ မေးမြန်းထားနိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
𝗛𝗮𝘆 𝗠𝗮𝗿
𝗕𝗮𝘀𝗶𝗰 𝗙𝗼𝗼𝗱 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿
𝗣𝗵𝗼𝗻𝗲 & 𝗦𝗶𝗴𝗻𝗮𝗹 +𝟲𝟲 𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯
𝗳𝗼𝗼𝗱𝗽𝗿𝗼𝗴𝗿𝗮𝗺.𝗻𝗺𝗳@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
