၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ စကားဝိုင်းနှင့် ကလေး/လူကြီး ကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ New Myanmar Foundation မှ Executive Director ဒေါက်တာစန်းအောင်နှင့် တကွ စကားဝိုင်းတို့ တက်ရောက်လာသော လူကြီးမင်းများမှ လွတ်လပ်ရေး၏ အနှစ်သာရ ၊ လွတ်လပ်ခြင်း၏ အဓိပ္ပာယ်၊ လက်ရှိကြုံတွေ့ခံစားနေရသော မိမိတို့၏ အခွင့်အရေးချိုးဖောက်ခံနေရမှုများနှင့် လက်ရှိနွေဦးတော်လှန်ရေး အောင်မြင်ပြီး နောင်အနာဂတ် နိုင်ငံတော်သစ်တွင် ထည့်သွင်းတောင်းဆိုသင့်သည့် လွတ်လပ်ခြင်းနှင့်ပတ်သက်သည့် အခွင့်အရေး များအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ ထို့နောက်တွင် အနီးနားနေထိုင်သူများ၏ မိသားစုဝင် ကလေး/ လူကြီးများအတွက် ပြိုင်ပွဲများကျင်းပပြုလုပ်ကာ ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။











