နယူးမြန်မာဖောင်ဒေးရှင်း ပြည်တွင်းတွင်ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေး တတ်ကြွ လှုပ်ရှားသူများကူညီထောက်ပံ့ခြင်းလုပ်ငန်းစဉ်၏ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ လက်ခံ ရရှိခဲ့သော လျှောက်လွှာ တစ်ခုချင်းစီအား အရေးပေါ်စံသတ်မှတ်ချက်နှုန်းထားများ နှင့်အညီ အဆင့်ဆင့် ရွေးချယ်ခဲ့ပြီးနောက် ထောက်ပံ့ကြေးပေးအပ်ရန် လူ(၁၈၀)ဦးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် အောင်မြင်စွာ စီစစ်ရွေးချယ်နိုင်ခဲ့ပါသည်။
လျှောက်ထားသူများအထဲမှ ရွေးချယ်ခြင်းမခံရသော လျှောက်လွှာရှင်များအား အီးမေးလ်မှတစ်ဆင့် ဖြစ်စေ၊ ဖုန်း၊ Signal နှင့် telegramများမှဖြစ်စေ ရွေးချယ်ခံရခြင်း မရှိကြောင်း ဆက်သွယ်အကြောင်း ကြားခဲ့ရာ အီးမေးလ်လိပ်စာမှားယွင်းသော၊ ဖုန်း၊ Signalနှင့် Telegramတို့မှ ဆက်သွယ်မရသော လျှောက်လွှာ ရှင်များရှိခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်တို့အား ယခု ထောက်ပံ့ကြေးအစီအစဉ်တွင် ရွေးချယ်ခံရခြင်း မရှိပါကြောင်း နယူးမြန်မာဖောင်ဒေးရှင်း၏ Facebook, Website နှင့် လူမှုကွန်ယက်channelsများမှ တစ်ဆင့် ဤစာဖြင့် ထပ်မံ၍ အသိပေး အကြောင်းကြားပါသည်။
လေးစားစွာဖြင့်
နန်းမြတ်
တာဝန်ခံ
ပြည်တွင်းဒီမိုကရေစီအင်အားစုများထောက်ပံ့ခြင်း အစီအစဉ်
နယူးမြန်မာဖောင်ဒေးရှင်း
Phone: +66635322376
Telegram: +66635322376
Email: officernmfhrd@gmail.com