𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည်ထိုင်းနိုင်ငံ သို့ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သား များ အတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ဝင်ငွေရရှိစေရေးကို ရည်ရွယ်လျှက် ထိုင်းဘာသာစကား သင်တန်းများနှင့် အခြေခံမော်တာစက်ချုပ်သင်တန်းများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှ စတင်၍ ကျင်းပဆောင်ရွက်လျက်ရှိရာ ၎င်းသင်တန်း များအား တာဝန်ယူစီမံခန့်ခွဲမည့် သင်တန်းတာဝန်ခံအရာရှိ (𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် အလုပ်လျှောက်လွှာ များ ခေါ်ယူနေပါသည်။
ရာထူး – 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿
လျှောက်လွှာလက်ခံမည့်ကာလ – ၃ ရက် ၊ ၃ မတ်လ၂၀၂၅ မှ ၁၀ မတ်လ၂၀၂၅ အထိ
နေရာ – မဲဆောက်
အစမ်းခန့်ကာလ – ၃ လ
အစမ်းခန့်လစာ – ဘတ် ၁၀၀၀၀
ပုံမှန်လစာ – ဘတ် ၁၂၀၀၀
အနည်းဆုံးလုပ်ရမည့်ကာလ – ၁ နှစ်
အစီရင်ခံရမည့်သူ – 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫
ခန့်အပ်မည့်ဦးရေ – (၁) ဦး
လုပ်ဆောင်ရမည့်တာဝန်များ
++++++++++++++++
အခြေခံမော်တာစက်ချုပ်သင်တန်းအတွက်
အခြေခံစက်ချုပ်သင်တန်းအား စိတ်ဝင်စားမှုရှိပြီး စက်ရုံအလုပ်ရုံများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုသည့် သူများအားရှာဖွေခြင်း၊ သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက်များ မှတစ်ဆင့် ဖြန့်ဝေခေါ်ယူခြင်း။
သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆိုပေးခြင်းနှင့် သင်တန်းလျှောက်လွှာများအား စိစစ်ခြင်း။
သင်တန်းသားများနေရာထိုင်ခင်းနှင့်ပက်သက်၍ စီစဉ်ပေးခြင်းနှင့် သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်း။
သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဝယ်ယူခြင်းနှင့် သင်တန်းတစ်လျှောက် အဆင်ပြေ ချောမွေ့အောင် စီမံအုပ်ချုပ်ခြင်း။
သင်တန်းသားတက်ရောက်မှုစာရင်းများပြုစုခြင်းနှင့် သင်တန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသား ပြုစုခြင်း။ သက်ဆိုင်ရာ တာဝန်ခံထံ ပြန်လည်တင်ပြခြင်း။
သင်တန်းသားများ၏ သင်တန်းအပေါ်အမြင်၊ သဘောထားများ၊ မှတ်ချက်များ ကောက်ယူဆွေးနွေးခြင်း နှင့် ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးခြင်း။
ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
သင်တန်းပေးခြင်းလုပ်ငန်းတိုးတက်အောင်မြင်စေရန် အဖွဲ့အစည်းများ၊ စက်ရုံများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ လုပ်ငန်းအစီအစဉ်တာဝန်ခံများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ခြင်း။
ထိုင်းဘာသာစကားသင်တန်းအတွက်
++++++++++++++++++++
ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြပြီး ထိုင်းဘာသာစကားသင်တန်း တက်ရောက်လိုသော မြန်မာပြည်သူများအား ရှာဖွေခြင်း၊ သင်တန်းတက်ရောက်နိုင်ရန် လျှောက်လွှာများပြင်ဆင်ခြင်းနှင့် လူမှုကွန်ယက်များမှတစ်ဆင့် ဖြန့်ဝေ ခေါ်ယူခြင်း။
သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆိုပေးခြင်းနှင့် သင်တန်း လျှောက်လွှာများအား စိစစ်ခြင်း။
သင်တန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်းနှင့် သင်တန်းဆရာ/ဆရာမများနှင့် လက်တွဲ လုပ်ဆောင်ခြင်း။
အွန်လိုင်းသင်တန်းအတွက် လိုအပ်သည့် သင်ကြားမှုအထောက်အကူပြုအရင်းအမြစ်များ တိုးတက် ကောင်းမွန်အောင် တာဝန်ယူဆောင်ရွက်ခြင်းနှင့် သင်တန်းတစ်လျှောက် အဆင်ပြေချောမွေ့အောင် စီမံခန့်ခွဲ ခြင်း။
သင်တန်းသားတက်ရောက်မှုစာရင်းများပြုစုခြင်းနှင့် သင်တန်းပြီးစီးကြောင်းအစီရင်ခံစာများ ရေးသားပြုစုခြင်း။ သက်ဆိုင်ရာ တာဝန်ခံထံ ပြန်လည်တင်ပြခြင်း။
သင်တန်းသားများ၏ သင်တန်းအပေါ် အမြင်၊သဘောထားများ၊ မှတ်ချက်များကောက်ယူဆွေးနွေးခြင်းနှင့် ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးခြင်း။
ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်း၊ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
သင်တန်းပေးခြင်းလုပ်ငန်းတိုးတက်အောင်မြင်စေရန် အဖွဲ့အစည်းများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ လုပ်ငန်း အစီအစဉ် တာဝန်ခံများနှင့် လိုအပ်သလို ချိတ်ဆက်ဆောင်ရွက်ခြင်း။
အတွေ့အကြုံလိုအပ်ချက်
စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။
အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိသူ။
လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူ။
လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး သင်တန်းများချောမွေ့စွာသင်ကြားနိုင်ရန် စီမံဆောင်ရွက်နိုင်သူ။
စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။
အကျင့်စာရိတ္တ ကောင်းမွန်သူ။
အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment)၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privancy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
English စာ တတ်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရန်
++++++++++++
လျှောက်ထားလိုသူများသည် 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 သို့ အောက်ပါအချက်အလက်များ ပြည့်စုံစွာ ပူးတွဲ ပေးပို့ လျှောက်ထားနိုင်သည်။
ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း၊ အလုပ်အတွေ့အကြုံများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံများ ရှိခဲ့လျှင် နှစ်အလိုက် ပြည့်စုံစွာထည့်သွင်း ရေးသားထားသည့် ကိုယ်ရေးအချက်အလက်ပုံစံ (CV Form)၊
ပညာအရည်အချင်းလက်မှတ်များ၊
ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ email၊ signal နံပါတ်များကို CV form တွင် တပါတည်းဖော်ပြရန်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺
𝗛𝗥 & 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝗮𝗿𝘁𝗺𝗲𝗻𝘁
𝗡𝗘𝗪 𝗠𝗬𝗔𝗡𝗠𝗔𝗥 𝗙𝗢𝗨𝗡𝗗𝗔𝗧𝗜𝗢𝗡