New Myanmar Foundation၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၅) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုလာမည့် မတ်လ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၅၅)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံခေါ်ယူသွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစု တန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ် သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။)

သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် နိုင်ရန် ၂၀၂၅ခုနှစ်၊မတ် လ ၃ ရက်နေ့မှ မှ ၁၃ ရက်နေ့၊ ညနေ (၅) နာရီအထိ အောက်ဖော်ပြပါ ဂူဂဲလ် (google form) လင့်ခ်မှတစ်ဆင့် ဖောင်ဖြည့်သွင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။

ကြိုတင်အသိပေးကြော်ငြာချက်

++++++++++++++++

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူ သည့် Google Form တွင် ပါရှိ သော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါ အချက်အလက်များအား သေချာစွာ ဖြည့်သွင်းလျှောက်ထား နိုင်ပါသည်။

• ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းမည့်သူများသာ လျှောက်ထားပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန်ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန် ဆက်သွယ် သွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် 𝑳𝒊𝒏𝒌: https://forms.gle/wy3VWJPHE272ZqPP7

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ 𝑺𝒊𝒈𝒏𝒂𝒍 နှင့် 𝑬𝒎𝒂𝒊𝒍 များမှ တဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

နော်ဆဲ

𝗣𝗵𝗼𝗻𝗲: +𝟲𝟲 𝟲𝟯𝟯𝟴𝟰𝟵𝟵𝟭𝟬

𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟲𝟯𝟯𝟴𝟰𝟵𝟵𝟭𝟬

𝗘𝗺𝗮𝗶𝗹 𝗻𝗺𝗳.𝘀𝘁𝗮𝗳𝗳𝟬𝟰@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!