အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၂) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ ကျောင်းတက်ရာနှင့် အလုပ်အကိုင်ရှာဖွေ ရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့ နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက် အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၂) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကား ကို စိတ်ပါဝင်စား သင်ယူလိုသော မဲဆောက်နှင့်ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့် သင်ကြားပေးသွားမည်ဖြစ်ပါ၍ မိမိတို့ကြိုက်နှစ်သက်ရာ သင်တန်းချိန်တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

𝟭. Section 𝗔: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၇ နာရီ မှ ၉ နာရီ

𝟮. Section 𝗕: အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေ ၇ နာရီ မှ ၉ နာရီ

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 ကို မတ်လ (၂၁) ရက်နေ့ မှ (၂၈) ရက် နေ့အထိ ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ဦးစွာလျှောက်ထားသူ (၂၀၀) ဦးအနက် သင်တန်း ပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၆၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၃၀) ဦး နှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၆၀) ဦးကို လက်ခံသင်ကြားပေးသွား မည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ အနေဖြင့် မိမိအဆင်ပြေနှစ်သက်ရာ တန်းခွဲအား ရွေးချယ် တက်ရောက်နိုင် ပါသည်။ သင်တန်းသည် အခမဲ့ဖြစ်ပြီး တက်ရောက်ခွင့် ရရှိသူသင်တန်းသားများအား လစဉ် 𝗗𝗮𝘁𝗮 𝗙𝗲𝗲𝘀 ပေးအပ် မည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေဖြင့်လည်း သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စား၍ ပြီးဆုံးအောင် တက်ရောက် နိုင်မှသာ လျှောက်ထားကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Telegram/ E mail/ ဖုန်း မှတဆင့် ပြန်လည်အကြောင်းကြား ပေးသွား မည်ဖြစ်သော်လည်း သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည် အကြောင်းကြား ပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ သင်တန်းလျှောက်ထားလာသူများ အနေဖြင့် မိမိတို့၏ Telegram/ E mail လိပ်စာ/ ဖုန်းနံပါတ် များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံ အပ်ပါသည်။

အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/iXsvBQrVdn6YZFEcA

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြ ပါ ဖုန်းနံပါတ်၊ Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation)

Phone: +66 082 373 7160

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!