𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ Individual Housing အစီအစဉ်

နယူးမြန်မာဖောင်ဒေးရှင်း၏ Individual Housing အစီအစဉ်သည် ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပါအဝင် အန္တရာယ်အခြေအနေအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ထွက်ပြေး ရောက်ရှိလာသော ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ နာတာရှည် နာမကျန်း ဖြစ်နေသူများ၊ ထိခိုက်ဒဏ်ရာရရှိနေပြီး နေရေးထိုင်ရေးခက်ခဲနေကြသည့် မြန်မာပြည်သူ/ သားများ အတွက် အိမ်လခ/ ရေဖိုး/ မီးဖိုး ထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။

Individual Housing အစီအစဉ်မှ ကူညီပံ့ပိုးပေးမည့် ဝန်ဆောင်မှုများမှာ

🏠အစီအစဉ်စတင်သည့်နေ့ရက်မှစ၍ လျှောက်ထားလာသော မိသားစုတစ်စုခြင်းစီ၏ အခက်အခဲပေါ်မူတည်၍ မိမိတို့ လက်ရှိငှားရမ်းနေထိုင်နေသည့်အိမ်တွင် အနည်းဆုံး (၃) လမှ အများဆုံး (၆) လထိ အိမ်လခ အပါအဝင် ရေမီတာ၊ မီးမီတာ နှင့် အင်တာနက်ဝိုင်ဖိုင်ဖိုးများကို သတ်မှတ်ထားသည့် ပမာဏတခုဖြင့် လစဉ်ထောက်ပံ့ကူညီပေးသွားပါမည် ဖြစ်ပါသည်။

💖ရွေးချယ်ခံရသော မိသားစုဝင်များအတွက် Individual Housing အစီအစဉ်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှုများအတွက် သွားလာရေး၊ ဆေးရုံဆေးခန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း စသည့် ဝန်ဆောင်မှုများအား တက်အားသ၍ ကူညီပေးမည် ဖြစ်ပါသည်။

အထောက်အပံ့ပေးရန်ရွေးချယ်ခံရသော မိသားစုဝင်များသည် နယူးမြန်မာဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသော အောက်ဖော်ပြပါ သင်တန်းများအား စိတ်ဝင်စားပါက ဆက်သွယ် တက်ရောက်နိုင်ပါသည်။

✨ ထိုင်းစာသင်တန်း၊

✨ Digital Security သင်တန်း၊

✨ လူ့အခွင့်အရေးသင်တန်း၊

✨ စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊

✨ ကျန်းမာရေးအသိပညာပေးသင်တန်း၊

✨ ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှု သင်တန်း

✨ အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်

✨ စိုက်ပျိုးရေးသင်တန်းများ ပါဝင်ပါသည်။

ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် New Myanmar Foundation မှ အလုပ်အကိုင်ရှာဖွေရေး အရာရှိနှင့် ချိတ်ဆက်ကူညီ ရှာဖွေပေးသွားမည်ဖြစ်ပါသည်။

ကျောင်းနေအရွယ် ကလေးများအတွက် သင့်တော်သောကျောင်းများ ရှာဖွေပေးခြင်းနှင့် ကျောင်းအပ်နှံပေးခြင်း လုပ်ငန်းစဉ်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အရေးပေါ်စားနပ်ရိက္ခာ နှင့် လစဉ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့မှုများအား ရရှိနိုင်ရန် အတွက် တာဝန်ခံနှင့် ချိတ်ဆက်ကူညီ ဆောင်ရွက်ပေးပါသည်။

Individual Housing အစီအစဉ်တွင် ပါဝင်သူများ၏ လိုအပ်ချက်များကို အသေးစိတ် စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။

New Myanmar Foundation ၏ Individual Housing အစီအစဉ်အတွက် လျှောက်ထားသူများ အနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုများနှင့် စစ်ဘေးကြောင့် မသန်စွမ်းဘဝ သို့ ရောက်ရှိသွားသူများကို ဦးစားပေးမည်ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် မိသားစုဝင်ဆွေမျိုး မဟုတ်သည့် မိမိအကြောင်းအသေးစိတ် သိရှိသော ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက NMF ၏ Individual Housing လျှောက်ထားခြင်း ဆိုင်ရာ ဖုန်း၏ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် +66 990 366 720 သို့ အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ၊ နေ့စဉ် မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ Individual Housing Program တွင် လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည် ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

#𝗡𝗲𝘄𝗠𝘆𝗮𝗻𝗺𝗮𝗿𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻

Individual Housing Program

Program Officer

+66 990 366 720

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!