ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့မှ ၁၄ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၆၂)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံ ခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစု တန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ် သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။)
သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် နိုင်ရန် ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ မှ ၂၇ ရက်နေ့၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google form) လင့်ခ်မှတစ်ဆင့် ဖောင်ဖြည့်သွင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ် ပါသည်။
ကြိုတင်အသိပေးကြော်ငြာချက်
• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါအချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။
• ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့် သူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန်ဆက်သွယ် သွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:
https://forms.gle/jm6qbPjFLAaect2p6
နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
စက်ချုပ်သင်တန်းတာဝန်ခံ
စည်သူခန့်
Phone: +66 633849910
Signal: +66 633849910
Email nmf.staff04@gmail.com