နေ့စွဲ။ ။ ဇွန်လ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်။
နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ (၁၁) ရက်နေ့အထိ Zoom Platform ကို အသုံးပြုကာ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေး သင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။ ဤသင်တန်း အပတ်စဉ်အတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် ဖြစ်ပါသည်။
ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လို သူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။
သင်တန်း အချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း သင်တန်းရက်ရှည် (ညနေပိုင်းသင်တန်း) (မြန်မာစံတော်ချိန် ညနေ ၆ နာရီ – ၉ နာရီ) ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့်သူများ လျှောက်ထား နိုင်ပါသည်။
သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ သင်တန်းတက်ရောက်ရန် ပြန်လည်ဆက်သွယ် အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။
လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Training Organizer ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
လျှောက်လွှာဖောင်လင့်ခ် –
https://docs.google.com/…/1FAIpQLSfhJz2…/viewform
လေးစားစွာဖြင့်
Training Organizer
Signal +66660621776
Email: nmf.hrtcoordinationassistant@gmail.com