မင်္ဂလာပါ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။
နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခု အခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအဖြင့် အသေးစားမွေးမြူရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အသစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ် ပါ၍ မိမိတို့ နေအိမ်၊ခြံဝင်း၊ မြေနေရာအတွင်း အသေးစား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အသေးစား လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်း ကောင်းပါးအပ်ပါသည်။
အစီအစဉ်အကြောင်းအရာ
လုပ်ငန်းစဉ်ကာလ
၆ လ (၂၀၂၅ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ)
လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၄၀၀ အတွက်
(လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
ထောက်ပံ့ပေးမည့်အမျိုးအစား
မွေးမြူရေး
ကြက်မွေးမြူခြင်း တအိမ်ထောင်လျှင် ဥစားကြက် (၄)ကောင်နှုန်းဖြင့် အိမ်ထောင်စု ၂၃၀ အတွက် (သို့မဟုတ်)
ဆိတ်မွေးမြူခြင်း တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့်(အိမ်ထောင်စု ၇၀အတွက်)
စိုက်ပျိုးရေး
မျိုးစေ့
မြေဩဇာ
လိုအပ်သော စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ခြင်း (အိမ်ထောင်စု ၁၀၀အတွက်)
အထက်ဖော်ပြပါ ထောက်ပံ့မှုအတွက် New Myanmar Foundation မှ
လျှောက်လွှာလျှောက်ထားလာသော မိသားစုဝင်များထဲမှ ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ကိုင်မည့် တည်နေရာအရောက် ထောက်ပံ့မည့် ပစ္စည်းများအား ပို့ဆောင်ပေးခြင်း နှင့် အပြီးအပိုင်ပေးအပ်ခြင်း။
စိုက်ပျိူးမွေးမြူရေးတွင် ကျွမ်းကျင်သော လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိမှ အိမ်တိုင် ရာရောက် (လိုအပ်ပါက) သင်ကြားပို့သပေးခြင်း
လုပ်ငန်းလုပ်ဆောင်မည့် Project ကာလ ၆ လတာအတွင်း လစဉ်လုပ်ငန်းတိုးတက်မှုများအား လာရောက် စစ်ဆေးပေးခြင်း။
သို့ပါ၍ ဖော်ပြပါ အစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထား ပါဝင်နိုင်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
လျှောက်ထားနိုင်ရန်နည်းလမ်းများ
နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း
လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸
https://forms.gle/bqSKfb2er1zYStA39
( သို့မဟုတ် )
နည်းလမ်း (၂) အောက်ဖော်ပြပါ နမူနာလျှောက်လွှာဖောင်အား တိုက်ရိုက်ဒေါင်းလော့ခ်ဆွဲ၍ ပုံစံတူလက်ရေးဖောင်ဖြည့်သွင်းပြီး တာဝန်ခံ၏ စင်ဂနယ်ဖုန်းနံပါတ်သို့ပြန်လည်ပေးပို့၍လျှောက်ထားနိုင်ပါသည်။
https://drive.google.com/…/1wYzRbzZdj1q9IXbaV0W…/view…
( သို့မဟုတ် )
နည်းလမ်း (၃) အစီအစဉ်နှင့်ပက်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ လက်ရေးဖောင်အား ဒေါင်းလော့ခ်မပြုလုပ်တတ်ခြင်း၊ မရှင်းလင်းသည်များ နှင့် မေးမြန်လိုသည်များ ရှိပါက လုပ်ငန်းစဉ် တာဝန်ခံထံ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အတွင်း ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
ဆက်သွယ်ရန်
တာဝန်ခံ ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် – +𝟔𝟔 𝟔𝟐𝟎 𝟔𝟖𝟖 𝟐𝟕𝟗
𝐒𝐢𝐠𝐧𝐚𝐥 𝐮𝐬𝐞𝐫𝐧𝐚𝐦𝐞… @𝐟𝐢𝐞𝐥𝐝𝐜𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫.𝟎𝟏
Email – fieldcoordinator.nmf@gmail.com