ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခြင်း

ဇူလိုင်လ (၃၀) ရက်နေ့ မနက်ပိုင်းတွင် မယ်တောင် TK စက်ရုံအနီး ၊ ဗုဒ္ဓဟူးဈေး အနောက်ဘက် တန်းလျား နှင့် ထိုဒေသ တစ်ဝိုက်ရှိ ရေတက်နေသည့် နေရာများတွင် ဆန် (5 Kg) (7)အိတ် ၊ ဆီ (1 Liter) (35) ဗူး ၊ မားမားခေါက်ဆွဲ ထုပ်သေး (360) ထုပ် ၊ ကြက်ဥ (360) လုံး တို့ကို လူဦးရေ (၁၂၀) ဦးစာ မျှဝေခဲ့ပါသည်။

ထို့နောက် ဝှေ့မုတ် ကျေးရွာ Volunteer အိမ်တွင် ရောက်ရှိနေသူနှင့် အရေးပေါ်လိုအပ်သူများ အတွက် ဆန် (5 Kg) (၃)အိတ် ၊ ဆီ (1 Liter) (၁၃) ဗူး ၊ မားမားခေါက်ဆွဲ ထုပ်သေး (၁၂၀) ထုပ် ၊ ကြက်ဥ (၁၅၀) လုံး လူဦးရေ (၅၀) ဦးစာ မျှဝေခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ဝှေ့မုတ် ကျေးရွာ အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရောက်ရှိခိုလှုံနေကြသူများ ၊ အမိုးစိမ်း စနေဈေးကပ်လျက် ဘုန်းကြီးကျောင်းဝန်းတွင် ရောက်ရှိခိုလှုံနေကြသူများ နှင့် ဝှေ့မုတ် ကျေးရွာအတွင်း ရေဘေးရှောင်သူများ အိမ်ကပ်နေရသူများ အတွက် ထမင်းဗူး (၂၄၀) ဗူး ၊ ရေသန့် ဗူးသေး (၂၄၀) ဗူး လူဦးရေ (၂၄၀) ဦးစာ မျှဝေခဲ့ပါသည်။

ညနေပိုင်းတွင် အမိုးနီ စက်ရုံဝန်းနှင့် ပတ်ဝန်းကျင်မှ ရွေ့ပြောင်း စုရပ် အုတ်ဖို ဘုန်းကြီး ကျောင်းအတွင်းတွင် ထမင်းဗူး (၅၆၀) ဗူး ၊ ရေသန့် ဗူးသေး (၅၆၀) ဗူး လူဦးရေ (၅၆၀) ဦးစာ မျှဝေခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!