၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် နယူးမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အခမ်းအနားကျင်းပပြုလုပ်မည့် ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့)
အခမ်းအနား တည်နေရာ။ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ
အခမ်းအနားကျင်းပမည့် အချိန်။ နံနက် ၈:၃၀ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ။
အခမ်းအနား၏ရည်ရွယ်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ကြိုဆိုရန်၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းနေကြသော မြန်မာနိုင်ငံမှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့်တကွ ကမ္ဘာတစ်ဝန်းမှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ များကို လေးစားဂုဏ်ပြုရန်၊ မြန်မာပြည်သူများ ကြုံတွေ့ခံစားနေရသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သတိပြုမိစေရန်၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူများ၏အသံကို မြှင့်တင်ရန်နှင့် အနာဂတ်တွင် လူ့အခွင့်အရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ဆွေးနွေး ကြရန်တို့ ဖြစ်ပါသည်။ ဤအခမ်းအနားသို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ပညာရှင်များ၊ လူ့အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသော ဒေသတွင်းအဖွဲ့အစည်းများ၊ မြန်မာရွေ့ပြောင်းဒုက္ခသည်များ အရေး ဆောင်ရွက်နေသောအဖွဲ့အစည်းများ၊ Gender အခြေပြု အကြမ်းဖက်မှုဆိုင်ရာ လှုပ်ရှားဆောင်ရွက် နေသော အဖွဲ့အစည်းများ၏ စုပေါင်းပါဝင်မှုဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကာကွယ်ရေး နှင့် တန်ဖိုးထားမှုကို အလေးထားဂုဏ်ပြုနိုင်ရန် ပူးပေါင်းပါဝင်လိုသည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
*** လုံခြုံရေးအခြေအနေများအရ အခမ်းအနားအစီအစဉ်အသေးစိတ် နှင့် ကျင်းပမည့်နေရာကို တက်ရောက်မည့် ပုဂ္ဂိုလ်များ နှင့် အဖွဲ့အစည်းများထံ အီးမေးလ် ထပ်မံပေးပို့သွားမည် ဖြစ်ပါသည်။
လေးစားစွာဖြင့်
လူ့အခွင့်အရေးအစီအစဉ်
နယူးမြန်မာဖောင်ဒေးရှင်း
အီးမေးလ်။ humanrights.nmf@gmail.com, pm.hrd.nmf@gmail.com
ဖုန်း/ဆစ်ကနယ်နံပါတ်။ +66808986684, +6620140319