𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၅ သြဂုတ်လအထိ လူဦးရေ (900) ဝန်းကျင်ခန့် အရေးပေါ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။

• ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။

• ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလော ရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။

• ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။

• ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။

• 2-Sep-2025 ရက်နေ့မှ စတင်၍ အရေးပေါ်ရိက္ခာ လျှောက်ထားနိုင်သည့် ပုံစံမှာ “ရုံးဖွင့်ရက် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်း 0815520516 အရေးပေါ်ရိက္ခာ ရုံးဖုန်းသို့” တိုက်ရိုက် ဆက်သွယ် လျှောက်ထားရန် ဖြစ်ပါသည်။

• စနေ ၊ တနင်္ဂနွေ နေ့များသည် New Myanmar Foundation ၏ ရုံးပိတ်ရက်များ ဖြစ်ပါသောကြောင့် ဖုန်းမကိုင်နိုင်ပါက Signal တွင် စာပို့ မေးမြန်း ထားနိုင်ပါသည်။

• ယခင်လများအတွင်း အရေးပေါ်ရိက္ခာ အကူအညီတောင်းခံသူများစွာ ရှိခဲ့၍ ထောက်ပံ့ပေးခဲ့ရသဖြင့် စက်တင်ဘာလ တစ်လလုံးတွင် ဦးရေ (၂၃) ဦးစာသာ ထောက်ပံ့ကူညီနိုင်မည် ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗙𝗼𝗼𝗱 𝗦𝘂𝗽𝗽𝗼𝗿𝘁 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿

𝗟𝘆𝗻𝗻

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻

𝗣𝗵𝗼𝗻𝗲: 𝟬𝟴𝟭𝟱𝟱𝟮𝟬𝟱𝟭𝟲

𝗦𝗶𝗴𝗻𝗮𝗹: +𝟲𝟲 𝟴𝟭𝟱𝟱𝟮𝟬𝟱𝟭𝟲

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!