𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အွန်လိုင်းထိုင်းစကားပြောသင်တန်းများတွင် သင်ကြားပေးနိုင်မည့် ဆရာ/ဆရာမများအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြိုနှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ အခမဲ့ အွန်လိုင်းထိုင်းစကားပြောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ လာမည့်သင်တန်းအပတ်စဉ်များတွင် အပတ်စဥ် (၁၄) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁) ရက်နေ့နှင့် အပတ်စဉ် (၁၅) ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့ များတွင် စတင်၍ သင်တန်းတစ်ခုစီကို (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အဆိုပါ ထိုင်းဘာသာစကားသင်တန်း အပတ်စဥ်များတွင် သင်ကြားပေးနိုင်ရန် ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိသော ဆရာ/ဆရာမများ လိုအပ်လျက်ရှိပါသည်။

သင်တန်းတစ်ချိန်လျှင် (၂) နာရီနှုန်းနှင့် တစ်ပတ် (၃) ရက် သင်ကြားပေးရမည်ဖြစ်ပြီး သင်တန်းကာလ (၃) လ အတွက် စုစုပေါင်း သင်ကြားချိန် အနည်းဆုံး ၇၂ နာရီ ရှိမည်ဖြစ်သည်။ နယူးမြန်မာဖောင်ဒေးရှင်း အနေဖြင့် သင်ကြားပေးမည့် ဆရာ/ဆရာမများအား ဉာဏ်ပူဇော်ခ (Honorarium) အဖြစ် သင်တန်းချိန် တစ်နာရီလျှင် (၁၇၀) ဘတ် ကို ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းချိန်များကို မပျက်မကွက် အချိန်ပြည့် သင်ကြားပေးရန် လိုပါသည်။

သင်ကြားပေးရမည့် သင်တန်းအချိန်အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သင်တန်းအပတ်စဉ် (၁၄) ၏ သင်တန်းချိန် –

၁) Class A: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၇ နာရီ မှ ၉ နာရီ)

၂) Class B: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၇ နာရီ မှ ၉ နာရီ)

သင်တန်းအပတ်စဉ် (၁၅) ၏ သင်တန်းချိန် –

၁) Class A: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၇ နာရီ မှ ၉ နာရီ)

၂) Class B: အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ (ညနေ ၇ နာရီ မှ ၉ နာရီ)

သို့ဖြစ်ပါ၍ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံရှိသူများ၊ ထိုင်းဘာသာစကားကို အွန်လိုင်းမှတဆင့် သင်ကြားပေးနိုင်သူများ ပါဝင်လျှောက်ထားနိုင်ရန် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ ဖိတ်ခေါ်အပ်ပါသည်။

လျှောက်ထားလိုသည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို၏ ထိုင်းစကားပြောသင်ကြားရေး အတွေ့အကြုံများကို ပြည့်စုံစွာဖော်ပြထားသည့် ကိုယ်ရေးအကျဥ်း (CV) ကို ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများအား လူတွေ့အင်တာဗျူးခြင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာတင်ရန် : 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲.𝗻𝗺𝗳@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

– CV Form အား အထက်ပါ Email သို ပေးပိုပေးပါရန်။

– ထိုင်းဘာသာစကားသင်ကြားရေးနှင့်ပတ်သတ်သည့် Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

– CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲအစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟴𝟮𝟯 𝟳𝟯𝟳 𝟭𝟲𝟬

𝗘𝗺𝗮𝗶𝗹 – 𝗹𝗮𝗻𝗴𝘂𝗮𝗴𝗲.𝗻𝗺𝗳@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!