(၁၇) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် ကျရောက်သော “(၁၇) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်း အမှတ် အခမ်းအနားပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင်အသက်ပေးလှူသွားရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ပြည်သူများအတွက်ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် “၈” စက္ကန့်ငြိမ်သက်ခြင်းတို့ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)၊ ဆရာတော် ဦိး‌ဃောသိတသာရ (မှော်ဘီ)၊ ကရင်အမျိုးသားအစည်းအရုံး KNUမှ ဖရိုစောအယ်ထူး နှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးတို့မှ အသီးသီးအမှာစကားများပြောကြားခဲ့ကြပြီး ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်လာပုံ၊ ရဟန်းရှင်လူ ပြည်သူများ၏ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့ကြပုံများ၊ အရေးအခင်းအတွင်းကြုံတွေ့ခဲ့ရသော စစ်အာဏာရှင် များ၏ ရက်စက်ယုတ်မာမှုများ နှင့် လက်ရှိမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ပြည်သူများ၏ လူ့အခွင့်အရေး ဆုံးရှုံးနေရမှုများအား ပြောကြားခဲ့ကြပြီး အနာဂတ်တွင် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိပြီး အာဏာရှင်များအား အမြစ်ပြတ်ဖြုတ်ချကာ လွတ်လပ်၍တရားမျှတသော  ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး အမြန်ဆုံးရရှိရန် ဆက်လက်တိုက်ပွဲဝင်သွားကြရမည်ဖြစ်ပြီး၊ မိမိတို့တတ်စွမ်းသ၍ အမိမြန်မာနိုင်ငံ အတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရန် နှိုးဆော်တိုက်တွန်းခဲ့ကြပါသည်။

ထို့‌နောက် တက်ရောက်လာကြသော ဆရာ/ ဆရာမများမှလည်း “ရွှေဝါရောင်တော်လှန်ရေး” နှင့် ပတ်သက်သည့် သိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲများအပြီးတွင် တက်ရောက်လာသော ဆရာ/ဆရာမ များအား New Myanmar Foundation မှ အမှတ်တရလက်ဆောင်များပေးခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!