ဩဂုတ်လ(၁ ရက်နေ့ မှ ၁၅ရက်နေ့) အတွင်း ရိက္ခာလျှောက်ထားလိုသော ဆရာ/ဆရာမများရှင့်
ရိက္ခာလျှောက်ထားခြင်းနှင့် ပါတ်သက်၍ Phone, Signal တို့မှ စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြား ပေးနေပါသည်။ ရိက္ခာလျှောက်ထားဖူးသော လူဟောင်းများ အနေဖြင့် Signal မှတစ်ဆင့် ရိက္ခာဖောင်လင့် တောင်းယူရာတွင် ၁-ကြိမ်လာရောက်တောင်းယူပြီးပါက ရိက္ခာတာဝန်ခံဘက်မှ အကြောင်းပြန်ကြားမှု အား စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ အပ်ပါသည်။
အကြောင်းပြန်ကြားမှု အစီအစဉ်တွင် နေ့စွဲအလိုက်/ အစဥ်လိုက် အကြောင်းပြန်ကြားနေရပါသဖြင့် ၁-ကြိမ် ထက်ပို၍ လာရောက်မေးမြန်းတောင်းယူသူများအနေဖြင့် Signal တွင် နေ့စွဲပြောင်းလဲသွားပါသောကြောင့် Signal ၏ သဘောအရ ပြန်လည်ဖြေကြားရန် အနောက်ရောက်သွားပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ Signalတွင် တစ်ကြိမ်လာရောက် တောင်းယူပြီးပါက စိတ်ရှည်စွာ စောင့်ဆိုင်းပေးကြပါရန် လေးစား စွာဖြင့်ထပ်မံ၍ မေတ္တာရပ်ခံအပ်ပါသည်။
ရိက္ခာလျှောက်ထားလိုသော လူသစ်များ အနေဖြင့်မူ ရိက္ခာတာဝန်ခံ၏ ဖုန်းနံပါတ် (0659252173) သို့ ဩဂုတ်လ (၁ရက်နေ့မှ၁၅ရက်)နေ့ ရုံးဖွင့်ရက် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅)နာရီအတွင်း တိုက်ရိုက်ဆက်သွယ်၍ လျှောက်ထားပေးရမည် ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Basic Food Support Program Manager
Hay Mar
New Myanmar Foundation
Signal: 0659252173
Foodprogram.nmf@gmail.com
