စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာ​ပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်​ဆွေး​​နွေးပွဲ (Application form for MHPSS Awareness workshop) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ 

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများ အတွက်  စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာ​ပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမိုးမှု ပိုင်းဆိုင်ရာအသိပညာများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွက် သင်တန်း ထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။

ရည်ရွယ်ချက်

သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ လာကြသည့် မြန်မာပြည်သူများအတွက် စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာ​ပျော်ရွှင်ခြင်း အပြန် အလှန်လွှမ်းမိုးမှုပိုင်းဆိုင်ရာ  အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာ ပျံနှံ့စေရန် ရည်ရွယ်ပါသည်။ 

သင်တန်းဆိုင်ရာ အခြေခံအချက်အလက်

သင်တန်းအချိန်         ။             ။ ဩဂုတ်လ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်၊ (အင်္ဂါနေ့) နံနက် ၉ နာရီခွဲမှ၊  ၁၂ နာရီခွဲအထိ ။

သင်တန်းတည်နေရာ ။             ။ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်။ 

သင်တန်းပေးမည့်ပုံစံ ။             ။ လူကိုယ်တိုင်။ 

သင်တန်းသားဦးရေ   ။             ။ ၁၀ ဦး။

သင်တန်း လျှောက်ထားရန် Link –

https://forms.gle/51zmiWB8XBVUxKQv5

ဆွေးနွေးပွဲတက်ရောက်ရန်လျှောက်ထားခြင်းနှင့် ပက်သက်၍ မေးမြန်းချက်များရှိပါက စိတ်ဓါတ်စွမ်းအင် မြှင့်တင်ရေး လုပ်ငန်းစဉ်တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်
တာဝန်ခံ
ပွင့်သစ်ဝေ (Blossom Future)
Phone: +66 943 846 984

Signal No: +66 943 846 984
Email: mhpss@blossomfuture.org

လျှောက်ထားသူတစ်ဦးခြင်းစီအား အထူးကျေးဇူးတင်လျှက်

ပွင့််သစ်ဝေ (Blossom Future)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!