အနှစ်ချုပ်မှာ
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော် ဒုတိယသက်တမ်းဖြစ်သော ယနေ့ ထရမ့်လက်ထက်တွင်မူ အမေရိကန်သည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်ပြီး မဟာမိတ်များကိုပင် အမြတ်ထုတ်သော “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူ” (Predatory hegemon) အဖြစ်သို့ ကူးပြောင်းလာသည်။ ဤဗျူဟာသည် ကမ္ဘာကြီးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ် ရှုမြင်ပြီး၊ မည်သည့်အပေးအယူတွင်မဆို အခြားသူများထက် မိမိက ပိုမိုရရှိရန်နှင့် အကြီးဆုံးဝေစုကိုသာ ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်။
စေတနာရှိသော ဗိုလ်ကျစိုးမိုးသူသည် မဟာမိတ်များ ကြွယ်ဝမှ မိမိလည်း ကြွယ်ဝမည်ဟု ယုံကြည်ကာ စည်းမျဉ်းများကို လေးစားသော်လည်း၊ သားရဲကဲ့သို့ အနိုင်ကျင့်လိုသူမှာမူ ပြိုင်ဘက်ကိုရော မဟာမိတ်ကိုပါ အခွင့်ကောင်းယူရန် ဝန်မလေးပေ။ ထရမ့်သည် ကုန်သွယ်ရေးလိုငွေပြမှုကို လုယက်ခံရမှု အဖြစ် ရှု