မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများအား နေရာထိုင်ခင်း အကူညီပေးခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများ အတွက် နေထိုင်နိုင်ရန် သီးသန့် နေရာထိုင်ခင်းများ စီစဥ်ပေးသွားမည် ဖြစ်ပါသဖြင့် မဲဆောက်မြို့တွင် နေထိုင်ရန် အခက်အခဲကြုံတွေ့နေရသည့် အမျိုးသမီးများ ( ရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်လာရသူများ၊စစ်ဘေးရှောင်များ နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ) အနေဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းစကားပါးအပ်ပါသည်။

ထိုသို့ အမျိုးသမီးများအတွက် သီးသန့်စီစဥ်ပေးထားသော နေရာထိုင်ခင်းများတွင် အနည်းဆုံး (၃) လမှ အများဆုံး (၆) လအထိ လုံခြုံစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။ နေထိုင်စဉ်ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများ၊ အင်တာနက် နှင့် အခြေခံစားနပ်ရိက္ခာများကို ထောက်ပံ့ပေးထားမည် ဖြစ်ပါသည်။

လျှောက်ထားလိုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော NEW MYANMAR FOUNDATION ၏ နေရာထိုင်ခင်း တာ၀န်ခံ ဖုန်းနံပါတ် +66 947 841 967 သို့ တနင်္လာ မှ သောကြာနေ့ (မနက် ၉း၀၀ မှ ညနေ ၆း၀၀ အတွင်း) ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါသည်။

တာဝန်ခံ

New Myanmar Foundation

Phone : +66 947 841 967

30th May 2023

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!