ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

ရာထူး : Legal Aid Officer

အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း

လျှောက်လွှာလက်ခံမည့်ကာလ : ၁၇.၂.၂၀၂၅ မှ ၂၆.၂.၂၀၂၅ အထိ

အလုပ်တည်နေရာ : မဲဆောက်

အစမ်းခန့်ကာလ : ၃ လ

လစာ : ဘတ် ၁၅၀၀၀

အစီရင်ခံရမည့်သူ : Project Manager

နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ရန်ရှိသည့် မဲဆောက်တွင် နေထိုင်နေကြသော မြန်မာပြည်သူ/သားများအား ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံ တစ်ဦးလိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ဖမ်းဆီးခံရခြင်းများ၊ အမှုအခင်းများ၊ မတရား ကျူးလွန်ခံရခြင်းများအတွက် –

📌 ဥပဒေရေးရာ ကျွမ်းကျင်နားလည်ပြီး ဆက်စပ်ကူညီပေးနိုင်ရမည်။

📌 အခြားမြန်မာအဖွဲ့အစည်းများ၊ ထိုင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရမည်။

လိုအပ်သောအတွေ့အကြုံနှင့် အရည်အချင်းများ

📌 ဥပဒေဘွဲ့ရ (သို့) ဥပဒေရေးရာကျွမ်းကျင်သူ

📌 ထိုင်းဘာသာစကား နှင့် English ဘာသာစကား နစ်မျိုးလုံးအား နားလည်ကျွမ်းကျင်ပြီး ရေးတတ်ဖတ်တတ်ပြောတတ်သူဖြစ်ရမည်။

📌 Microsoft Office (Word/Excel, etc.) အသုံးပြုနိုင်သူဖြစ်ရမည်။

📌 ဥပဒေရေးရာ ဆက်စပ်ကူညီမှုနှင့် ပတ်သတ်သော အတွေ့အကြုံ (၁) နှစ် အနည်းဆုံးရှိရမည်။

📌 အများအကျိုးအတွက် တတ်ကြွစွာလုပ်ဆောင်နိုင်ပြီး လူအများနှင့် ဆက်ဆံပြောဆိုရာတွင် ပြေပြစ်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လို စိတ်ရှိသူ ဖြစ်ရမည်။

အခြားလိုအပ်ချက်များ

📌 ထိုင်းနိုင်ငံအတွင်း တရား၀င်နေထိုင်ခွင့် အထောက်အထား တစ်ခုခုရှိရမည်။

📌 အစမ်းခန့်ကာလအပါအဝင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။

📌 ဆိုင်ကယ် နှင့် ကားမောင်းနှင်တတ်သူ ဦးစားပေးမည်။

လျှောက်လွှာတင်ရန် : 𝗻𝗲𝘄𝗺𝘆𝗮𝗻𝗺𝗮𝗿𝗼𝗳𝗳𝗶𝗰𝗲@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

📌 Cover letter နှင့် CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။

📌 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

📌 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

📌 လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!