နယူးမြန်မာဖောင်ဒေးရှင်း (NMF) ၏ အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံ ခေါ်ယူခြင်း

ရာထူး – အလုပ်အကိုင်ချိတ်ဆက်ပေးရေးတာဝန်ခံ (Job Facilitation Officer)

အဖွဲ့အစည်း – New Myanmar Foundation (NMF)

တည်နေရာ – မဲဆောက်မြို့၊ ထိုင်းနိုင်ငံ

ပုံမှန်လစာ – အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်သူ တဦးလျှင် ၆၀၀ဘတ်နှုန်းဖြင့် တလလျှင် (၂၀)ဦးခန့်

လျှောက်လွှာလက်ခံမည့် ကာလ – ၁၂.၁၁.၂၀၂၅ မှ ၁၉.၁၁.၂၀၂၅ အထိ

အစီရင်ခံရမည့်သူ- Project Manager

📌 နယူးမြန်မာဖောင်ဒေးရှင်းသည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဆောင်ရွက်လျက်ရှိနေသော မဲဆောက်တွင် နေထိုင်နေကြသည့် မြန်မာပြည်သူ/သားများအား အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ကူညီပေးခြင်း အစီအစဉ် အတွက် တာဝန်ခံတစ်ဦး လိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှု ရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။

လုပ်ကိုင်ရမည့် တာဝန်ဝတ္တရာများ

📌 အလုပ်အကိုင်အခွင့်အလမ်းများ ချဲ့ထွင်ရှာဖွေနိုင်ရန် မဲဆောက်အတွင်းရှိ အဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ ဆက်ဆံရေး တည်ဆောက်ထားရှိခြင်း၊

📌 အလုပ်အကိုင်ရရှိလိုသူများ၏ အရည်အချင်းများနှင့် စိတ်ပါဝင်စားမှုတို့အား မေးမြန်းကာ ၎င်းတို့နှင့် ကိုက်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းများအား ချိတ်ဆက်ရှာဖွေပေးခြင်း၊

📌 NMF မှ လုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှ အလုပ်လိုအပ်လျက်ရှိသော တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများအား တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပေးခြင်း၊

📌 အလုပ်ရှင်၊ အလုပ်သမား ပြဿနာများနှင့် လုပ်ခလစာပြဿနာများဖြစ်ပွားခဲ့ပါက အလုပ်သမား ဥပဒေ ရေးရာ နားလည်တတ်ကျွမ်းသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဖြေရှင်းပေးခြင်း၊

📌 NMF မှ တာဝန်ယူ အလုပ်သွင်းပေးထားသည့်သူများအား အလုပ်ထဲတွင် အဆင်ပြေမှုရှိ/မရှိ သိရှိစေရန် အမြဲတမ်းချိတ်ဆက်၍ ဆက်သွယ်မေးမြန်းခြင်း၊

📌 လစဉ်အစီရင်ခံစာများကို ပြုစုတင်ပြခြင်း၊

လိုအပ်သောအတွေ့အကြုံနှင့် အရည်အချင်းများ

📍 Microsoft Office (Word/Excel, etc.) အသုံးပြုနိုင်သူဖြစ်ရမည်။

📍 မဲဆောက်မြို့အတွင်းရှိ စက်ရုံ / အလုပ်ရုံများသို့ သွားလာချိတ်ဆက်ပြီး အလုပ်အကိုင်ရှာဖွေရေး အတွက် ဆွေးနွေးနိုင်ရမည်။

📍 လစဉ် အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။

📍 လူအများနှင့် ဆက်ဆံပြောဆိုရေး ပြေပြစ်သူ၊ အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိသူ ဖြစ်ရမည်။

📍 အများအကျိုးအတွက် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။

ဦးစားပေးစဉ်းစားမည့် အရည်အချင်းများ

• ထိုင်းနိုင်ငံအတွင်း တရား၀င်နေထိုင်ခွင့် အထောက်အထား တစ်ခုခုရှိသူ။

• အသက်မွေးဝမ်းကြောင်း (သို့မဟုတ်) လုပ်ငန်းခွင်သင်တန်းများ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံရှိသူ။

• ထိုင်းနိုင်ငံရှိ အလုပ်သမားဥပဒေ၊ ရွှေ့ပြောင်းလုပ်သားတို့၏ အခွင့်အရေးတို့ကို ရင်းနှီးကျွမ်းဝင် နားလည်မှု ရှိသူ။

• အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်သူ။

• ဆိုင်ကယ် နှင့် ကား မောင်းနှင်တတ်သူ။

လျှောက်ထားရမည့်နည်းလမ်း

လျှောက်လွှာ (Cover letter) နှင့် ကိုယ်ရေးမှတ်တမ်း( ဘွဲ့လက်မှတ်နှင့် အခြားအထောက်အထားတို့ကို ပူးတွဲလျက်) Application – Job Facilitation Officer ခေါင်းစဉ်ဖြင့် newmyanmaroffice@gmail.com/ contact@newmyanmarfoundation.org သို့ အီးမေးလ်ပေးပို့လျှောက်ထားနိုင်ပါသည်။ CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက

Admin Department

Phone & Signal No. +66 626 874 266

Email: newmyanmaroffice@gmail.com

နယူးမြန်မာဖောင်ဒေးရှင်း (NMF)သည် နောက်ခံအသီးသီးမှလျှောက်ထားသူများကို ကြိုဆိုပြီး လျှောက်ထားမှုအားလုံးကို တန်းတူညီမျှစွာထည့်သွင်းစဉ်းစားသည့် အဖွဲ့အစည်းဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!