လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း အွန်လိုင်းသင်တန်း အပတ်စဉ် (၅) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ စက်တင်ဘာလ (၂၆) ရက်၊ ၂၀၂၅ ခုနှစ်။

နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းအပတ်စဉ် (၅) ကို Zoom Platform အား အသုံးပြုကာ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါ၍ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းသင်တန်းဖြစ်ပါ၍ အနိမ့်ဆုံးအနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာအခြေခံအသိပညာရှိထားပြီးသောသူများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှစီစဉ်သော လူ့အခွင့် အရေးအခြေခံသင်တန်းဖြစ်စေ၊ အခြားသောအဖွဲ့အစည်းများမှ ပို့ချပေးသော လူ့အခွင့်အရေး အခြေခံသင်တန်းတစ်ခုခုဖြစ်စေ ပြီးမြှောက်အောင်မြင်ထားသူများသာ လျှောက်ထားပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

ဤသင်တန်းအပတ်စဉ်အတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် ဖြစ်ပါသည်။

ဤသင်တန်းအစီအစဉ်၏ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းနိုင်ပါသည်။

သင်တန်း အချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း အောက်တိုဘာလ (၁၃) ရက်နေ့မှ (၂၂) ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေတို့တွင် သင်တန်းပိတ်ပါသည်) (၈) ရက်ကြာ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ – ၁၂ နာရီ၊ နေ့လည် ၁ နာရီ – ၃ နာရီ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့် သူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ သင်တန်းတက်ရောက်ရန် ပြန်လည်ဆက်သွယ်အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Training Organizer ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လျှောက်လွှာဖောင်လင့်ခ် – https://forms.gle/SwU3behHWLjwQds67

လေးစားစွာဖြင့်

Training Organizer

Signal +66660621776

Email: nmf.hrtcoordinationassistant

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!