Blossom Future (ပွင့်သစ်ဝေ) ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 Assistant ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက်လျက်ရှိရာ Safe House များတွင် တခြားသူများနှင့်အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြားနေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing) များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး – Safehouse Individual Housing Program Assistant ။

လျှောက်လွှာလက်ခံမည့်ကာလ – ၃.၁၁.၂၀၂၆ ရက် မှ ၁၀.၁၁.၂၀၂၆ ရက်နေ့အထိ ။

နေရာ – မဲဆောက်မြို့ ။

အစမ်းခန့်ကာလ – ၃ လ ။

လစာ – ၁၀၀၀၀ – ၁၂၀၀၀ ဘတ် (အတွေ့အကြုံပေါ်မူတည်၍ လစာပြောင်းလဲပါမည်)။

အစီအရင်ခံရမည့်သူ – Project Officer ။

ခန့်အပ်မည့်ပုံစံ – အချိန်ပြည့် (လူကိုယ်တိုင်)။

ခန့်အပ်မည့်ဦးရေ – ၁ ဦး ။

လုပ်ဆောင်ရမည့်တာဝန်များ

================

Blossom Future ၏ သီးခြားနေရာထိုင်ခင်း (Individual Housing) Program တွင်

• မဲဆောက်မြို့အတွင်းရှိ ကျန်းမာရေး/ အသက်အရွယ်/ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များအရ/ မိမိဘာသာ နေထိုင်ရပ်တည်ရန် အတွက်လည်းကောင်း၊ အများနှင့်အတူနေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိသူများကို ရှာဖွေစာရင်း ပြုစုနိုင်ရမည်။

• နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက်၍ စိစစ်အတည်ပြုပေးရမည်။

• နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များနှင့် အခွင့်အရေးဆိုင်ရာအကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။

• နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်းနှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan)တို့အား ဆောင်ရွက်ပေးရမည်။

• နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Project Officer ထံသို့ အချိန်မီတင်ပြရပါမည်။

• နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။

• နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များကို Project Officer နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။

• ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးရမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ တာဝန်ခံထံသို့ တင်ပြရပါမည်။

• နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း စိစစ်ရွေးချယ် ကျင်းပပေးရမည်။

• လစဥ်သွားရောက်ကြည့်ရှူ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးရမည်

• လစဉ်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာအား ရေးသားပြုစု၍ Project Officer ထံ တင်ပြရမည်။

အတွေ့အကြုံလိုအပ်ချက်

==============

• Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

• အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။

• လစဉ်အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။

• လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။

• စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာပြောဆိုတတ်သူဖြစ်ရမည်။

• အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

• အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။

• အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment )၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

• လုပ်ငန်းကိစ္စရပ်များနှင့် နေထိုင်သူများ၏ ပုဂ္ဂလိကဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

• ဆိုင်ကယ်မောင်းနှင်နိုင်ပြီး ထိုင်းနိုင်ငံမှ ဆိုင်ကယ်မောင်းနှင်ခွင့်လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။

• တရားဝင် Work Permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) ရှိသူဖြစ်ရမည်။

• အဖွဲ့အစည်း၏ အစီရင်ခံစာများနှင့် Social Media ပလက်ဖောင်းများတွင် အသုံးပြုမည့် ဓာတ်ပုံများ၌ မျက်နှာဖော်ပြရန် သဘောတူနိုင်သူဖြစ်ရမည်။

• English စာတတ်ကျွမ်းသူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရန်

============

လျှောက်ထားလိုသူများသည်

 Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

 CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက်တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ပြည်စုံစွာ ထည့်သွင်းပေးပို့ပေးရန်။

 Shortlisted candidate များကို rolling basis ဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသူရရှိသွားပါက လျှောက်လွှာကို ပိတ်သွားမည်ဖြစ်သောကြောင့် လျှောက်ထားလိုသူများအနေဖြင့် အမြန်ဆုံးလျှောက်ထားကြပါရန်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 & HR Officer

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!