Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း အစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင် ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီ နေရာထိုင်ခင်းများတွင်

အမျိုးသမီးသီးသန့်

အမျိုးသားသီးသန့်နှင့်

မိသားစု စသဖြင့်

ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေထိုင်နိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။

ယာယီနေရာထိုင်ခင်းတွင် ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ December 2026 လကုန်ထိဖြစ်ပြီး January 2027 နှင့် February 2027 အတွက်လဲ Funding ရှာဖွေလျက်ရှိပါသည်။ နေထိုင်ခွင့်ရစဉ်ကာလအတွက် အိမ်လစာ၊ ရေ၊ လျှပ်စစ်မီတာခနှင့် 𝗪𝗶𝗳𝗶 ကုန်ကျစရိတ်များအား Blossom Future (ပွင့်သစ်ဝေ) မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။

ယာယီနေရာထိုင်ခင်းတွင် နေထိုင်စဉ်ကာလအတွင်း

မီးဖိုချောင်သုံးပစ္စည်းများ၊

အိမ်တွင်းပရိဘောဂများ ဖြစ်သော ရေခဲသေတ္တာ၊ ပန်ကာ၊ စားပွဲ၊ ကုလားထိုင် အစရှိသည်များ ပံပိုးကူညီပေးထားသည့်အပြင် သွားလာရေးအတွက် စက်ဘီးများ ထောက်ပံ့ပေးလျက်ရှိပါသည်။

ထို့အပြင် ယာယီနေရာထိုင်ခင်းများတွင် နေထိုင်သော မိသားစုများအတွက်

အခြေခံစားနပ်ရိက္ခာအား လစဉ်ထောက်ပံ့ကူညီခြင်း၊ (မိမိကိုယ်တိုင် လျှောက်ထားရပါမည်။)

 အရေးပေါ်ဆေးကုသမှု/ ပုံမှန်ဆေးကုသမှုများ လုပ်ဆောင်ပေးခြင်း

 အသိပညာအတွက် စာကြည့်တိုက် ဖွင့်လှစ်ပေးထားခြင်း

 ကလေးငယ်များအတွက် ကစားကွင်း ပြုလုပ်ပေးထားသည့်အပြင် သင်တန်းများ ဖြစ်သော

 ထိုင်းစာသင်တန်း၊

 Digital Security သင်တန်း၊

 လူ့အခွင့်အရေးသင်တန်း၊

 စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊

 ကျန်းမာရေးအသိပညာပေးသင်တန်း၊

 ထိုင်းအလုပ်သမားဥပဒေများနှင့် ထိုင်းယဉ်ကျေးမှုသင်တန်း

 စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ် အခမဲ့ သင်ကြားပေးလျက်ရှိပါသည်။

ယာယီနေရာထိုင်ခင်းများတွင် နေထိုင်သူတစ်ဦးချင်း၏ လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည် ဖြစ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)၏ ယာယီနေရာထိုင်ခင်းများတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူများအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည်ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်းရှောင်လာကြသူများ၊ စစ်ဘေးရှောင်ပုဂ္ဂိုလ်များအားလည်း ထည့်သွင်းစဉ်းစားပေးမည် ဖြစ်ပါသည်။

လျှောက်ထားသူများသည် အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတစွာနေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်များနှင့်ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း လျှောက်ထားခြင်းဆိုင်ရာ ဖုန်း၏ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် +𝟲𝟲824614043 သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

ယာယီနေရာထိုင်ခင်းအစီအစဉ်တာဝန်ခံ

ပွင့်သစ်ဝေ

ဖုန်း/ Signal : +66 824 614 043

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!