𝗠&𝗘 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

𝐍𝐄𝐖 𝐌𝐘𝐀𝐍𝐌𝐀𝐑 𝐅𝐎𝐔𝐍𝐃𝐀𝐓𝐈𝐎𝐍 မှ 𝐌𝐨𝐧𝐢𝐭𝐨𝐫𝐢𝐧𝐠 & 𝐄𝐯𝐚𝐥𝐮𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါ သည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၁.၂.၂၀၂၅ မှ ၂၅.၂.၂၀၂၅ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၀၀၀၀ အစီရင်ခံရမည့်သူ : Executive Director လုပ်ဆောင်ရမည့်တာ၀န်များ M&E Officer သည် စီမံကိန်းများ၏ ရလာဒ်များအား အချိန်နှင့် တပြေးညီ စောင့်ကြည့်လေ့လာ အကဲဖြတ်ပေးရမည်။ M&E Officer သည် လေ့လာစောင့်ကြည့် အကဲဖြတ်မှုများ ပြုလုပ်ရာတွင် စီမံကိန်းအလိုက် သင့်လျော်၍ ကိုက်ညီသော M&E တွက်ချက်မှုများ၊ နည်းလမ်းများဖြင့် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် ဖေဖော်ဝါရီလ အတွက် သတ်မှတ်လူဦီးရေပြည့်သွားပြီး ဖြစ်ပါကြောင်းကြေငြာခြင်း
• 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် ဖေဖော်ဝါရီ (၁) လစာအတွက် 𝟔-𝐅𝐞𝐛-𝟐𝟎𝟐𝟓 ရက်နေ့၌ သတ်မှတ်လူဦးရေပြည့်၍ ရိက္ခာမျှဝေသည့် အစီအစဉ်ကို လည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ • အရေးပေါ် အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်တွင် လစဉ် လူဦးရေ (၃၀ နှင့် ၅၀) ဦး ကြား အတွင်း သာ သတ်မှတ်မျှဝေပေးသွားနိုင်ခြင်းဖြစ်သောကြောင့် ဖေဖော်ဝါရီလအတွက် လျှောက်ထားသူ ဦးရေ ပြည့်ပြီး ဖြစ်ပါသဖြင့် မတ်အတွက် အရေးပေါ်အခြေခံ စားနပ်ရိက္ခာလျှောက်ထားမှု အစီအစဉ်အား (𝟐𝟓-𝐅𝐞𝐛-𝟐𝟎𝟐𝟓) ရက်နေ့နောက်ပိုင်းတွင် ပြန်လည် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါ သည်။ ဆက်သွယ်မေးမြန်းရန် Basic Food Program Manager Hay Mar […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း (နေ/စား ငြိမ်း)

အပတ်စဉ် (၅၃) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်းမဲဆောက်ရောက် မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် ရည်ရွယ်၍ New Myanmar Foundation မှ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို စီစဉ်ဖွင့်လှစ်ပေးလျက် ရှိပါသည်။ ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ ၂၀၂၅ ခုနှစ်၊ မှ စတင်၍ သင်တန်းအပတ်စဥ် (၅၃) ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလကို ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့ မှ (၂၇) ရက်နေ့အထိ သတ်မှတ်ထားပါ သည်။ ဤသင်တန်းအပတ်စဉ်တွင် သင်တန်းသား/သူ (၁၀) ဦး ကို လက်ခံပေးသွားမည်ဖြစ်ပါသည်။ အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေး အတွက် ရည်ရွယ်ဖွင့်လှစ် ခြင်းဖြစ်သည့်အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစုတန်းတူအခွင့်အရေးများနှင့်အညီ အသက် (၄၀) […]
𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (𝟑𝟏-𝐉𝐚𝐧 𝐭𝐨 𝟓-𝐅𝐞𝐛-𝟐𝟎𝟐𝟓)

31. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဘူးသီး – 60 kg, ရုံးပတီသီး -10kg, ပဲတောင့်ရှည် 13.5 kg, ကြက်ဟင်းခါးသီး – 28 kg နှင့် ကန်စွန်းရွက် – 28kg ( စုစုပေါင်း – 135.5 kg ) တို့အား ( ခွဲကဘောင်ကျောင်းသို့ ) လူဦးရေ ( 542 ) ဦးစာအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ 1 . 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဘူးသီး – 100 kg […]
နယူးမြန်မာဖောင်ဒေးရှင်း၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေးအစီအစဉ်အတွက် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦး (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ခေါ်ယူခြင်း
နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် မတ်လ ၂၀၂၅ ခုနှစ်တွင် စတင်ဆောင်ရွက်ရမည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်စွမ်းအားမြှင့်တင်ရေး အစီအစဉ်အတွက် တာဝန်ထမ်းဆောင်ရန် စိတ်ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်တစ်ဦးအား လိုအပ်လျက်ရှိပါသည်။ ယခု ဤပုဂ္ဂိုလ်သည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဝန်ဆောင်မှုများနှင့် အသိပညာပေးသင်တန်းများ ပေးရန် ရည်ရွယ်ထားသည်ဖြစ်ပါ၍ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မည်သူမဆို လျှောက်ထားနိုင်ပါသည်။ ရာထူး ။ ။ စိတ်ကျန်းမာရေးစောင့်ရှောက်မှုပညာရှင် (𝐏𝐬𝐲𝐜𝐡𝐨𝐬𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) နေရာ ။ ။ နယူးမြန်မာဖောင်ဒေးရှင်းအဖွဲ့အစည်း လုပ်ဆောင်ရမည့်တာဝန်များ • စိတ်ကျန်းမာရေး စောင့်ရှောက်ခြင်း ။ ။ ပုဂ္ဂိုလ်တစ်ဦးချင်းအား ၎င်းတို့၏ စိတ်ခံစားမှု / စိတ်ကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ရန်၊ တစ်ဦးချင်းစီအား လိုအပ်သလို အကြံပေးမှု / ပဏာမနှစ်သိမ့်မှုများ ဆောင်ရွက်ရန်၊ […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၅၂) သင်တန်းဖွင့်ပွဲအခမ်းအနား

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၁) ရက်ကြာ အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၅၂) ဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ် သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသားသင်တန်းသူ (၂) ဦး နှင့် အမျိုးသမီး (၅) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ဦးစွာပထမ သင်တန်းဆရာမဒေါ်သီတာ မှ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြ သော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ New Myanmar Foundation […]
ဖေဖော်ဝါရီ လအတွင်း လာမည့် မတ်လနှင့် ဧပြီလ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ကြောင်း သတင်းစကားပါးခြင်:

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – (မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်း သူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိ သူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား CDMများ ၏ မိသားစုဝင်များ ၃။ စစ်/ရဲ CDM များတွင် မိသားစုဝင် […]
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၅) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၅)သင်တန်းကို လာမည့် ( ၁၉ရက် ဖေဖော်ဝါရီလ ) မှ ( ၁၈ ရက် မတ်လ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည် နှင့် […]
စစ်တပ်မှ အာဏာသိမ်းခြင်း (၄) နှစ်မြောက်နေ့ ပြည်သူသို့ ပေးပို့သောသဝဏ်လွှာ

နေ့စွဲ – ဖေဖော်ဝါရီလ (၁) ရက်၊ ၂၀၂၅ ခုနှစ် လေးစားချစ်ခင်ရပါသော မြန်မာပြည်သူ/သားအပေါင်းအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့သည် စစ်တပ်မှ မတရားအာဏာသိမ်းကာ ပြည်သူရွေးချယ် တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရကို ဖယ်ရှားခဲ့သည်မှာ (၄)နှစ်တင်းတင်းပြည့်သောနေ့ ဖြစ်ပါသည်။ ပြည်သူများက အာဏာသိမ်းမှုကို လုံး၀ လက်မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများကို စစ်အာဏာရှင်များမှ အကြမ်းဖက်နှိမ်နင်းသဖြင့် ပြည်သူများမှ ရရာ လက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်နေခဲ့ကြရပါသည်။ တော်လှန်ရေးအင်အားစုများသည် တစတစကြီးထွား အားကောင်းညီညွတ်လာမှုကြောင့် ယခုအခါမြို့ပေါင်း (၉၀) ကျော်ကို လုံး၀ဥဿုံသိမ်းပိုက်အုပ်ချုပ်နိုင်ပြီ ဖြစ်ပါသည်။ စစ်တပ်မှ ပြန်လှန်တိုက်စစ်ဆင်သိမ်းပိုက်နိုင်ခဲ့သော မြို့တစ်မြို့မှ မရှိခဲ့ခြင်းကြောင့် စစ်တပ်အနေဖြင့် ပြိုကွဲပျက်စီးတော့မည် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အာဏာသိမ်းခြင်း (၄)နှစ်မြောက်နေ့ စကားဝိုင်း ပြုလုပ်ကျင်းပခဲ့ခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် အာဏာသိမ်းခြင်း (၄)နှစ်မြောက်နေ့ စကားဝိုင်း ကျင်းပပြုလုပ် ခဲ့ပါသည်။ ပထမဦးစွာ New Myanmar Foundation မှ Executive Director ဒေါက်တာစန်းအောင် နှင့်တကွ စကားဝိုင်းတို့ တက်ရောက်လာသော လူကြီးမင်းများမှ အာဏာသိမ်းရခြင်း အကြောင်းအရင်းများနှင့် လက်ရှိကြုံတွေ့ခံစားနေရသော မိမိတို့၏ အခွင့်အရေး ချိုးဖောက် ခံနေရမှုများနှင့် လက်ရှိနွေဦးတော်လှန်ရေး အောင်မြင်ပြီး နောင်အနာဂတ် နိုင်ငံတော်သစ်တွင် ထည့်သွင်းတောင်းဆိုသင့်သည့် အခွင့်အရေး များအား ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။