𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာ အတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

December 1 မှ December 15 အထိ NMF တွင် ရိက္ခာလျှောက်ထားသူ (2407) ဦးအား (25-2-2025) အင်္ဂါ နှင့် (26-2-2025) ဗုဒ္ဓဟူး (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ (၂) လစာအတွက် ကို ရိက္ခာပစ္စည်းအစား ငွေသား မျှဝေပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် December 1 မှ December 15 ရက် အတွင်း ရိက္ခာလျှောက်ထားခဲ့သူများအနေဖြင့် မိမိတို့ လျှောက်လွှာ တွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 Signal မှ (24-2-2025) တနင်္လာနေ့တွင် အကြောင်းကြားစာများပို့ပေးသွားမည်ဖြစ်ပြီး မက်ဆေ့ချ်ဝင်/မဝင် သတိပြုကြည့်ရှုပေးပါရန် ပန်ကြားအပ်ပါသည်။ […]
𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (𝟏𝟒-𝐅𝐞𝐛 𝐭𝐨 𝟐𝟎-𝐅𝐞𝐛-𝟐𝟎𝟐𝟓)

14 . 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံထွက် ဘူးသီး – 41.5 kg , ရုံးပတီသီး- 4.4 kg, ကန်စွန်းရွက် -6 kg, ပဲတောင့်ရှည် -8.5 kg, သခွါးသီး-40 kg, ချဉ်ပေါင်-18kg (စုစုပေါင်း – 118.4 kg) တို့အား ( Kwe Ka Baung ကျောင်း ) သို့ လူဦးရေ 478..4 ဦးစာအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ 15. 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဗူးသီး – 80 […]
လူ့အခွင့်အရေးအစီအစဉ်မှ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်း အယ်ဒီတာ ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အချက်အလက်ကောက်ယူမှတ်တမ်းတင်ခြင်းလုပ်ငန်း (၅) နှစ်တာ အစီအစဥ် အား လုပ်ဆောင်လျက်ရှိရာ ၎င်းမှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် တာ၀န်ထမ်းဆောင်ရန် အချက်အလက် မှတ်တမ်းတင် အယ်ဒီတာ ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာအချက်အလက်များအား စိစစ်ပြင်ဆင် ရေးသားသူ(Data Editor) လျှောက်လွှာလက်ခံမည့်ကာလ ၂၀ရက် ၊ ဖေဖော်ဝါရီလ၂၀၂၅ မှ ၀၅ မတ်လ၂၀၂၅ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃ လ လစာ ဘတ် ၁၁,၀၀၀ အစီရင်ခံရမည့်သူ Human Rights Program Manager ခန့်အပ်မည့်ဦးရေ (၁) ဦး လုပ်ဆောင်ရမည့်တာဝန်များ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၅၄) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံမဲဆောက်သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ် ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ ယခုလာမည့် မတ်လ ၄ရက်နေ့မှ ၁၅ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၅၄)အတွက် သင်တန်းသားသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းသည် အမျိုးသမီးများ၏၏စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည့် အားလျော်စွာ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုမရှိ၊ လူနည်းစုတန်းတူ အခွင့်အရေးများနှင့်အညီ အသက် (၄၀)နှစ်အောက် အမျိုးသမီးများအား ဦးစားပေးရွေးချယ်သွားမည် ဖြစ်ပါသည်။ (သို့သော် အမျိုးသားများလည်းလျှောက်ထားနိုင်ပါသည်။) သို့ဖြစ်ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် နိုင်ရန် ၁၉ရက် ဖေဖော်ဝါရီလ ၂၀၂၅ခုနှစ် မှ ၂၆ရက် ဖေဖော်ဝါရီလ ၂၀၂၅ခုနှစ် […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၅) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၂) ဦး နှင့် အမျိုးသား သင်တန်းသား (၆) ဦး စုစုပေါင်း (၈) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ သင်တန်းတာဝန်ခံ ဒေါ်ခင်လှဌေးမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၅) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် မြန်မာပြည်သူများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်အဆောင် အမျိုးသားသီးသန့်အဆောင် နှင့် မိသားစုအဆောင်များ ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် […]
ဥပဒေရေးရာ အကူအညီပေးရေးအစီအစဉ်အတွက် တာ၀န်ခံတစ်ဦး ခေါ်ယူခြင်း

ရာထူး : Legal Aid Officer အဖွဲ့အစည်း : နယူးမြန်မာဖောင်ဒေးရှင်း လျှောက်လွှာလက်ခံမည့်ကာလ : ၁၇.၂.၂၀၂၅ မှ ၂၆.၂.၂၀၂၅ အထိ အလုပ်တည်နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ဘတ် ၁၅၀၀၀ အစီရင်ခံရမည့်သူ : Project Manager နယူးမြန်မာဖောင်ဒေးရှင်း၏ လာမည့် ၂၀၂၅ခုနှစ် မတ်လတွင် စတင်ဆောင်ရွက်ရန်ရှိသည့် မဲဆောက်တွင် နေထိုင်နေကြသော မြန်မာပြည်သူ/သားများအား ဥပဒေရေးရာအကူအညီပေးရေး အစီအစဉ်အတွက် တာဝန်ခံ တစ်ဦးလိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှုရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ မဲဆောက်ရှိ မြန်မာအသိုင်းအ၀ိုင်းတွင် ဖြစ်ပေါ်ကြုံတွေ့နေရသော ဖမ်းဆီးခံရခြင်းများ၊ အမှုအခင်းများ၊ မတရား ကျူးလွန်ခံရခြင်းများအတွက် – […]
𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐅𝐨𝐨𝐝 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (𝟔-𝐅𝐞𝐛 𝐭𝐨 𝟏𝟐-𝐅𝐞𝐛-𝟐𝟎𝟐𝟓)

6. 01. 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ ဘူးသီး – 86 kg, ရုံးပတီသီး -12kg, ပဲတောင့်ရှည် 3 kg နှင့် ကြက်ဟင်းခါးသီး – 22.5 kg ( စုစုပေါင်း – 123.5 kg ) တို့အား ( HSA Mu Htaw school and CDC School သို့ ) လူဦးရေ ( 494 ) ဦးစာအတွက် သွားရောက်လှူဒါန်းခဲ့ပါသည်။ 7 . 2 . 2025 ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးခြံမှ […]
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်သဝဏ်လွှာ
ယနေ့ကျရောက်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာပြည်သူပြည်သား သွေးချင်းညီအကိုမောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာပြည် တိုင်းရင်းသားခေါင်းဆောင်အပေါင်းဆွေးနွေးတိုင်ပင်ကာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့သော သမိုင်းဝင်နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ ပင်လုံစာချုပ်ပါ သဘောတူညီချက်များနှင့်အညီ ပြည်သူများ၏ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိူးများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသော အနာဂါတ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားမည်ဟု ခေါင်းဆောင်အားလုံးမှ သဘောတူခဲ့ကြပါသည်။ ၎င်းစာချုပ်ကို အခြေပြု၍ပင် လွတ်လပ်ရေး ကို တစည်းတလုံးတည်း ရယူနိုင်ခဲ့ပါသည်။ သို့သော် ပင်လုံစာချုပ်၏ အခြေခံများမှ သွေဖယ်ကာ ပြည်သူများ၏ အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို အလေးမထား၊ ပစ်ပယ်သော […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ စကားဝိုင်း ကျင်းပခြင်း

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် (၇၈) ကြိမ်မြောက် ပြည်ထောင်စုနေ့ စကားဝိုင်းအား ကျင်းပပြုလုပ် ခဲ့ပါသည်။ ပထမဦးစွာ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ 𝗘𝘅𝗰𝘂𝗲𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာ စန်းအောင် နှင့်တကွ စကားဝိုင်းတို့ တက်ရောက်လာသော လူကြီးမင်းများမှ ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ၊ ပြည်ထောင်စုနေ့၏ အနှစ်သာရ နှင့် အဓိပ္ပာယ်၊ နောင်အနာဂတ် နိုင်ငံတော်သစ်တွင် ကျင့်သုံး သင့်သည့် တရားမျှတမှုနှင့် တန်းတူညီမျှမှုများ ရရှိနိုင်ရန် ပြင်ဆင်သင့်သည်များအား ဆွေးနွေးဖလှယ် ခဲ့ကြပါသည်။ ထို့နောက်တွင် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲပါသည်။