(၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သဝဏ်လွှာ
(၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

နေ့စွဲ – ၁၉ရက် ဇူလိုင်လ ၂၀၂၅ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ ၂၀၂၅ ခုနှစ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနဲ့ လွမ်းသူ့ပန်းခွချခြင်း ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြား ထားသော မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီတာ၊ NUGမှတရားရေးဝန်ကြီး ဆရာဦိးသိန်းဦိး၊ ABSDFဥက္ကဌ ဆရာဦးသံခဲ ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းတွဲဖက်အတွင်းရေးမှူး ဆရာမ ဒေါ်ခင်လှဌေး နှင့် […]
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန်နေရာထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻၏ အိမ်ယာများတွင် အမျိုးသမီးသီးသန့်အဆောင် အမျိုးသားသီးသန့်အဆောင် နှင့် မိသားစုအဆောင်များ ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ 𝗦𝗮𝗳𝗲 𝗛𝗼𝘂𝘀𝗲 ကူညီပေးနိုင်သော နေထိုင်ခွင့်ကာလမှာ ( ၃ ) လ ဖြစ်ပြီး ထို (၃)လစာအတွက် […]
အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၉)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၉) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၇) ဦး နှင့် အမျိုးသား သင်တန်းသား (၆) ဦး စုစုပေါင်း (၁၃) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿 မသိင်္ဂီမှ သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြဖို့်သင်တန်းဖွင့်သင်ကြားခြင်းဖြစ်လည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော […]
𝟐𝟕-𝟎𝟔-𝟐𝟎𝟐𝟓 မှ 𝟎𝟖-𝟎𝟕-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

27 . 6 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှိုး – 2.5 kg ၊ ကြက်ဟင်းခါးသီး – 7.5 kg ၊ ဘူးသီး – 106 kg ၊ ရုံးပတီသီး – 19 kg ၊ ချဉ်ပေါင်ရွက် – 16.5 kg ၊ သခွါးသီး – 100 kg ၊ ပဲတောင့်ရှည် – 53 kg နှင့် ဘူးညွန့် – 10.5 kg စုစုပေါင်း = 315 kg အား ( မာလွေအိမ်ယာ […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၀) သင်တန်းဖွင့်ပွဲအခမ်းအနား

N𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၀) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၃) ဦး နှင့် အမျိုးသား သင်တန်းသား (၁၀) ဦး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ သင်တန်းတာဝန်ခံ ဒေါ်ခင်လှဌေးမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၁၀) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် မြန်မာပြည်သူများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း […]
အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၅) အတွက်သင်တန်းသားခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ တွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက် အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံအွန်လိုင်း ထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက် နေ့မှ စတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၅) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာ စကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ (မည်သူမဆို) လျှောက်ထားနိုင် ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း […]
𝐍𝐨𝐰 𝐚𝐜𝐜𝐞𝐩𝐭𝐢𝐧𝐠 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬: 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩စိတ်ဓါတ်ကြံ့ကြံ့ခံနိုင်စွမ်းရည် မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအား ဖိတ်ခေါ်ခြင်း

မင်္ဂလာပါရှင်။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီများ ပေးလျှက်ရှိနေရာ “စိတ်ဓါတ်ကြံ့ကြံ့ခံနိုင်စွမ်းရည်ဆိုင်ရာ” သင်တန်းများကို အပြန်အလှန်ဆွေးနွေး၊ အမြင်ဖလှယ်သော သင်တန်းပုံစံဖြင့် လစဉ်ပြုလုပ်လျှက်ရှိပါသည်။ ဆွေးနွေးပွဲသို့ လူကိုယ်တိုင် ပါဝင်တက်ရောက်ရမည်ဖြစ်ပြီး၊ စိတ်ဝင်စားပါက အောက်ပါ လင့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။ ကျင်းပမည့်အချိန် Class 1 ။ ။ နေ့ရက် – ဇူလိုင်လ (၂၂) ၂၀၂၅ ခုနှစ်၊ (တနင်္လာနေ့) အချိန် – နံနက် ၉ နာရီခွဲမှ၊ ၁၂နာရီခွဲအထိ Class 2 ။ ။ နေ့ရက် […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၆၂) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၆၂)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ ညနေ့ ၀၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၇)ဦး၊သင်တန်းသား (၆)ဦးဉီး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ဦးစွာပထမ ကွင်းဆင်းတာဝန်ခံ/ညှိနှိုင်းရေးမှူး ဒေါ်စတယ်လာ မှ တွေ့ကြုံရမည့် စိန်ခေါ်မှုများအကြောင်း၊ စက်ချုပ်အတတ်ပညာ၏ အသုံးဝင်မှုအကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ သင်တန်းဆရာမဒေါ်သီတာမှ မိတ်ဆက် စကားပြောရာတွင် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/သားများအား […]
𝗖𝗮𝗹𝗹 𝗳𝗼𝗿 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 𝗳𝗼𝗿 𝗠𝗛𝗣𝗦𝗦 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင့်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ အတွက် ရုပ်ပိုင်းဆိုင်ရာအကူအညီများအပြင် စိတ်ခွန်အားမြှင့်တင်ရေး အကူအညီများပါ ဆောင်ရွက်ပေးလျှက်ရှိနေရာ “ စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် အပြန်အလှန် လွှမ်းမိုးမှုဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ 𝗠𝗛𝗣𝗦𝗦 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗪𝗼𝗿𝗸𝘀𝗵𝗼𝗽” ကို လစဉ်ပြုလုပ်သွားမည်ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကဲ့သို့အရေးကြီးသော စိတ်ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို ပါဝင် နားထောင်လိုပါက မည်သူမဆို အောက်ပါ လင့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်း လျှောက်ထားရန် 𝐋𝐢𝐧𝐤 – https://forms.gle/zV2fUhmbj56ASjVQA ဇူလိုင်လအတွက် သင်တန်းဆိုင်ရာ အခြေခံအချက်အလက် သင်တန်းအချိန်။ ။ ဇူလိုင်လ (၄)ရက် ၂၀၂၅ ခုနှစ်၊ […]