နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၅) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿 မသိင်္ဂီမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၁၁) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် […]

လူ့အခွင့်အရေးအစီအစဥ် – စီမံကိန်းတာဝန်ခံ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿) ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။ New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦) လုပ်ဆောင်လျက်ရှိရာ ယခုအခါစီမံကိန်းတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။ ရာထူး : လူ့အခွင့်အရေးစီမံကိန်း တာဝန်ခံ လျှောက်လွှာလက်ခံမည့်ကာလ : ၅/၈/၂၀၂၅ မှ ၁၃/၈/၂၀၂၅ အထိ နေရာ : မဲဆောက် အလုပ်စတင်မည့်ရက် : ၂၅/၈/၂၀၂၅ အစမ်းခန့်ကာလ : ၃ လ အစမ်းခန့်လစာ : ဘတ် ၁၂၀၀၀ ပုံမှန်လစာ […]

အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (10)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၀) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၄) ဦး နှင့် အမျိုးသား သင်တန်းသား (၉) ဦး စုစုပေါင်း (၁၃) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ကိုညီညီ က သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြဖို့်သင်တန်းဖွင့်သင်ကြားခြင်းဖြစ်လည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် […]

𝗔𝗰𝘁𝗶𝘃𝗶𝘁𝘆 𝗥𝗲𝗰𝗼𝗿𝗱 𝗼𝗳 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻’𝘀 𝗙𝗼𝗼𝗱 𝗦𝘂𝗽𝗽𝗼𝗿𝘁 𝗮𝘀 𝗘𝗺𝗲𝗿𝗴𝗲𝗻𝗰𝘆 𝗥𝗲𝗹𝗶𝗲𝗳 𝘁𝗼 𝗙𝗹𝗼𝗼𝗱-𝗔𝗳𝗳𝗲𝗰𝘁𝗲𝗱 𝗣𝗲𝗼𝗽𝗹𝗲 𝗮𝗿𝗼𝘂𝗻𝗱 𝗠𝗮𝗲 𝗦𝗼𝘁 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗶𝗻 𝗝𝘂𝗹𝘆, 𝟮𝟬𝟮𝟱

၂၀၂၅ခုနှစ် ဇူလိုင်လအတွင်း ထိုင်းနိုင်ငံမဲဆောက်မြို့ ရေဘေးသင့် ပြည်သူများအတွက် New Myanmar Foundation ၏ ကူညီဆောင်‌ရွက်ခဲ့မှု မှတ်တမ်း

ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခြင်း

ဇူလိုင်လ (၃၁) ရက်နေ့ နေ့လည်ပိုင်းတွင် ဝှေ့မုတ်ကျေးရွာ ၂ဂိတ် ၊ မိုးကုတ်ဂိတ် (အမိုးနီးစက်ရုံဝန်း အကျော်) ၊ အုန်းတော တွင်ရှိသောရေဘေးသင့်များအတွက် ထမင်းဗူး (၃၅၀) ဗူး ၊ ရေသန့် ဗူးသေး (၃၅၀) ဗူးဖြင့် လူဦးရေ (၃၅၀) ဦးစာ မျှဝေခဲ့ပါသည်။ ညနေပိုင်းတွင် CDC ကျောင်း အနောက်ဘက်ရှိဆန်ခွဲဆောင် တွင် ရေဘေးသင့်များအတွက် ထမင်းဗူး (၁၁၅) ဗူး ၊ ရေသန့် ဗူးသေး (၁၁၅) ဗူးဖြင့် လူဦးရေ (၁၁၅) ဦးစာ မျှဝေခဲ့ပါသည်။ ညနေပိုင်းတွင် မယ်ပ ၈ ရပ်ကွက်ရှိ ရေဘေးသင့်များအတွက် ထမင်းဗူး (၅၅) ဗူး ၊ ရေသန့် ဗူးသေး (၃၆) […]

ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခြင်း

ဇူလိုင်လ (၃၀) ရက်နေ့ မနက်ပိုင်းတွင် မယ်တောင် TK စက်ရုံအနီး ၊ ဗုဒ္ဓဟူးဈေး အနောက်ဘက် တန်းလျား နှင့် ထိုဒေသ တစ်ဝိုက်ရှိ ရေတက်နေသည့် နေရာများတွင် ဆန် (5 Kg) (7)အိတ် ၊ ဆီ (1 Liter) (35) ဗူး ၊ မားမားခေါက်ဆွဲ ထုပ်သေး (360) ထုပ် ၊ ကြက်ဥ (360) လုံး တို့ကို လူဦးရေ (၁၂၀) ဦးစာ မျှဝေခဲ့ပါသည်။ ထို့နောက် ဝှေ့မုတ် ကျေးရွာ Volunteer အိမ်တွင် ရောက်ရှိနေသူနှင့် အရေးပေါ်လိုအပ်သူများ အတွက် ဆန် (5 Kg) (၃)အိတ် ၊ ဆီ (1 […]

ရေးဘေးသင့်ပြည်သူများထံ လှူဒါန်းခြင်း

𝟮𝟵-𝟳-𝟮𝟬𝟮𝟱ရက်နေ့ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ရေဘေးသင့် ရှောင်တိမ်းနေရသော ဝှေ့မုတ်ကျေးရွာ/ ၁ဂိတ်/ ၂ဂိတ် သို့ နေ့လည်စာ လူဦးရေ 300 စာ မျှဝေပေးခဲ့ပါသည်။ ညနေ ၆နာရီတွင် အမိုးနီ နှင့် ဝန်းကျင်မှ ရေဘေးသင့်ရှောင်တိမ်းနေသူ အုတ်ဖို ဘုန်းကြီးကျောင်းဝန်းတွင် လူဦး 150စာ ထမင်းဗူးနှင့် ရေသန့်ဗူးများကို မျှဝေပေးခဲ့ပါသည်။

𝐊𝐢𝐧𝐠 𝐕𝐚𝐣𝐢𝐫𝐚𝐥𝐨𝐧𝐠𝐤𝐨𝐫𝐧 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐃𝐨𝐧𝐚𝐭𝐢𝐨𝐧

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် (တနင်္လာနေ့) ထိုင်းနိုင်ငံ၏ ဘုရင် မင်းမြတ် 𝐊𝐢𝐧𝐠 𝐕𝐚𝐣𝐢𝐫𝐚𝐥𝐨𝐧𝐠𝐤𝐨𝐫𝐧 ၏ မွေးနေ့ရက်မြတ်တွင် New Myanmar Foundation မှ ဘုရင်မင်းမြတ်အား ဂုဏ်ပြုသောအားဖြင့် မြူနီစပယ်ရပ်ကွက် ၌ ထမင်းဘူး (၂၀၀)ဘူးအား ကုသိုလ်ဖြစ် လှူဒါန်းခဲ့ပါသည်။ New Myanmar Foundation အဖွဲ့သားများနှင့် မြူနီစပယ်ရပ်ကွက်ရှိ ရပ်ကွက်သူ/သားများမှလည်း ဘုရင်မင်းမြတ် သက်ရှည်ကျန်းမာပါစေ ကြောင်း ဆုတောင်းခဲ့ကြပါသည်။ #LongLiveTheKing #KingBirthday #NewMyanmarFoundation

𝟭𝟭-𝟎𝟳-𝟐𝟎𝟐𝟓 မှ 𝟮𝟯-𝟎𝟳-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

𝟭𝟭 . 𝟳 . 𝟮𝟬𝟮𝟱 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှို – 𝟭𝟳 𝗸𝗴 ၊ ကြက်ဟင်းခါးသီး – 𝟭𝟮 𝗸𝗴 ၊ ဘူးသီး – 𝟵𝟮.𝟱 𝗸𝗴 ၊ ရုံးပတီသီး – 𝟯𝟵 𝗸𝗴 ၊ ကန်စွန်းရွက် – 𝟭𝟰.𝟱 𝗸𝗴 ၊ ချဉ်ပေါင်ရွက် – 𝟭𝟰.𝟱 𝗸𝗴 ၊ သခွါးသီး – 𝟭𝟴.𝟱 𝗸𝗴 ၊ ပဲတောင့်ရှည် – 𝟰𝟮 𝗸𝗴 နှင့် ဘူးသီးပုပ် ( တို့စားရန် ) – 𝟳 […]

အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့ လျှောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ၊ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခု အခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအဖြင့် အသေးစားမွေးမြူရေးနှင့်စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အသစ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ် ပါ၍ မိမိတို့ နေအိမ်၊ခြံဝင်း၊ မြေနေရာအတွင်း အသေးစား စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း အသေးစား လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်း ကောင်းပါးအပ်ပါသည်။ အစီအစဉ်အကြောင်းအရာ လုပ်ငန်းစဉ်ကာလ ၆ လ (၂၀၂၅ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ) လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၄၀၀ အတွက် (လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ […]

error: Content is protected !!