အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (11)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၅) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၃) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင်မှ သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြဖို့်သင်တန်းဖွင့်သင်ကြားခြင်းဖြစ်လည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (65) သင်တန်းဆင်းပွဲ

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့ မှ (၂၈) ရက်နေ့အထိ (၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၆၅) သင်တန်းဆင်းပွဲ အခမ်း အနား ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်နေ့ ညနေ (၀၄: ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ် (၆၅) ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(9) ယောက်၊ သင်တန်းသား(၁) ယောက် စုစုပေါင်း (10) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်သီတာ မှ […]
𝟮𝟱-𝟎𝟳-𝟐𝟎𝟐𝟓 မှ 𝟮𝟬-𝟎𝟴-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

25 . 7 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှို – 2.5 kg ၊ ကြက်ဟင်းခါးသီး – 4.5 kg ၊ ဘူးသီး – 61 kg ၊ ရုံးပတီသီး – 11 kg ၊ ချဉ်ပေါင်ရွက် – 22.5 kg ၊ သခွါးသီး – 93 kg ၊ ပဲတောင့်ရှည် – 22 kg နှင့် ကျောက်ဖရုံသီး – 20 kg – စုစုပေါင်း = 236 . 5 kg […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ မြေနေရာ အခမဲ့ငှားရမ်းလုပ်ပိုင်ခွင့်ပြုလုပ်ခြင်း

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ ထိုင်းနိုင်ငံအတွင်း ငှားရမ်းထားသော မြေ (၆)ရိုင် တွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရန် အခမဲ့ (၁) နှစ်တာ လုပ်ပိုင်ခွင့်ကို 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 စိုက်ပျိုးရေးသင်တန်းများမှ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အမှန်တကယ် စိုက်ပျိုးရေး လုပ်ငန်းများကို ပြန်လည်အကောင်အထည်ဖော်နိုင်မည့် သင်တန်းသူ/သား (၁၀) ဦးအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစတင် လုပ်ပိုင်ခွင့်ပေးအပ်ခဲ့ပါသည်။
𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် မေလမှ စတင်၍ အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးလျှက်ရှိနေပါသည်။ ရည်ရွယ်ချက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အခြားသော ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သူများအနေဖြင့်လည်း လိုအပ်ပါက ဆက်သွယ်နိုင်ပါသည်။ အောက်ပါ […]
အခမဲ့ ကွန်ပျူတာသင်တန်း အပတ်စဥ် (၉) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ/ ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင် ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေဖြင့် နေ့စဉ်ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ်၍ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခမဲ့အခြေခံကွန်ပျူတာသင်တန်းများကို ဧပြီလ ၂၀၂၅ ခုနှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ရာမှာ ယခုအခါ အပတ်စဉ် (၉) အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယခုအပတ်စဉ် (၉) အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အခြေခံကွန်ပျူတာသင်တန်း သင်တန်းအပတ်စဉ် (၉) ကို (၂၅-၈-၂၀၂၅) မှ စတင်ဖွင့်လှစ် ပေးသွားမည် ဖြစ်ပါသည်။ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း (နေ/စား ငြိမ်း) အပတ်စဉ် (၆၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၆၆)အတွက် သင်တန်းသား/သူအသစ် (၁၀)ဦး ထပ်မံ ခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှု မူမရှိဘဲ အသက်(၄၀) နှစ်အောက် အမျိုးသမီးများနှင့်အမျိုးသားများအားလုံး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်း တက်ရောက် နိုင်ရန် ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှ ၂၃ ရက်နေ့၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google […]
(၃၇)နှစ်မြောက် (၈.၈.၈.၈)အရေးတော်ပုံ အထိမ်းအမှတ် သဝဏ်လွှာ
ယနေ့သည် (၈.၈.၈.၈)ဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီး၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤနေ့ထူး နေ့မြတ်တွင် ဒီမိုကရေစီတိုက်ပွဲဝင်ပြည်သူအပေါင်းအား ဂုဏ်ပြုဦးညွှတ် အလေးပြုအပ်ပါသည်။ မြန်မာသမိုင်းတလျှောက်တွင် ပဒေသရာဇ်စနစ်၊ ကိုလိုနီနယ်ချဲ့စနစ်အောက်များတွင် နှစ်ပေါင်းရာထောင်ချီ၍ နေခဲ့ကြရ ပါသည်။လွတ်လပ်ရေးရပြီးနောက်တွင်လည်း အမျိုးသားခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော ပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ၊ တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးကာ လက်တွေ့မကျင့်သုံး၊ မခံစားရသည်မှာ ယနေ့တိုင် ဖြစ်ပါသည်။ ထို့ပြင် ၁၉၆၂ခုနှစ်-စစ်အာဏာသိမ်းသည်မှစ၍ ယနေ့တိုင်ပြည်သူများသည် လူ့အခွင့်အရေးအားလုံး ဖယ်ရှားခံရပြီး စစ်ကျွန်ဘဝသို့ ရောက်ခဲ့သည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ် စစ်တပ်မှအာဏာကို အလွယ်တကူသိမ်းနိုင်ခဲ့ခြင်းက ပြည်သူ များသည် အခွင့်အရေးများ မည်မျှဆုံးရှုံးနေသည်၊ မည်မျှအားနည်းနေသည်ကို မီးမောင်းထိုးပြနေပါသည်။ စစ်အာဏာရှင်စနစ်ကို ၁၉၆၂/၁၉၆၇/၁၉၇၄/၁၉၇၅/၁၉၇၆ အရေးတော်ပုံများတွင် ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူ များ အင်တိုက်အားတိုက် […]
(၃၇) နှစ်မြောက် (၈၈၈၈) နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

နေ့စွဲ – ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၈) ရက်။ ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့မှ အစပြုခဲ့သည့် စစ်အာဏာရှင်စနစ်အား နိုင်ငံတ၀ှမ်း ဆန့်ကျင် ဆန္ဒပြခဲ့သော (၈၈၈၈) အရေးတော်ပုံနေ့ကြီး (၃၇) နှစ်ပြည့် အထိမ်းအမှတ်ပွဲအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံး ခဲ့ရသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူများ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် (၁)မိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါသည်။ ထို့နောက် New Myanmar Foundation ၏ Executive Director ဒေါက်တာ စန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသော […]
𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐇𝐨𝐮𝐬𝐢𝐧𝐠 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

New Myanmar Foundation သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက် လျက်ရှိရာ Safe House များတွင် တခြားသူများနှင့် အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြား နေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing)များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး – Program Assistant လျှောက်လွှာလက်ခံမည့်ကာလ – ၈ရက် ၊ ဩဂုတ်လ၂၀၂၅ မှ ၁၃ ဩဂုတ်လ၂၀၂၅ အထိ နေရာ – မဲဆောက် အစမ်းခန့်ကာလ – ၃ လ အစမ်းခန့်လစာ – ဘတ် ၈၀၀၀ […]