ထိုင်း – မြန်မာ နယ်စပ်အနီးရှိ ထီးဘော်ကော စစ်ဘေးရှောင်ကျောင်းနှင့် ဖုတ်ဖရရှိ 𝐖𝐡𝐢𝐭𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 အား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှလှူဒါန်းမှု မှတ်တမ်း

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် New Myanmar Foundation မှ ထိုင်း–မြန်မာနယ်စပ် အနီးရှိ ကျောင်းသူ/ကျောင်းသား (၁၄၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦးရှိသည့် ထီးဘော်ကော စစ်ဘေးရှောင်ကျောင်း နှင့် ကျောင်းသူ/ကျောင်းသား (၁၈၀) ဦး၊ ဆရာ/ဆရာမ (၁၂) ဦး ရှိသည့် ဖုတ်ဖရရှိ White Learning Center သို့ လှူဒါန်းငွေ (၁၂၀၀၀) ဘတ်၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် လူအသုံးအဆောင် ပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ပါသည်။
အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (12)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၂) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (30) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၅) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၃) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင်မှ သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြဖို့်သင်တန်းဖွင့်သင်ကြားခြင်းဖြစ်လည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် […]
𝟏𝟔-𝟎𝟗-𝟐𝟎𝟐𝟓 မှ 𝟐6-𝟎𝟗-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

16 . 9 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှို – 5 kg ၊ ဘူးသီး – 75 kg ၊ ရုံးပတီသီး – 45 kg ၊ ကန်စွန်းရွက် – 50 kg ၊ သခွါးသီး – 90 kg ၊ ပဲတောင့်ရှည် – 59 နှင့် ဗုံလုံသီး – 7 kg စုစုပေါင်း = 351 kg အား ( Love & Care ) သို့ လူဦးရေ – […]
လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းတင်ခြင်း အွန်လိုင်းသင်တန်း အပတ်စဉ် (၅) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ စက်တင်ဘာလ (၂၆) ရက်၊ ၂၀၂၅ ခုနှစ်။ နယူးမြန်မာဖောင်ဒေးရှင်း၊ လူ့အခွင့်အရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့မှ စတင်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်း သင်တန်းအပတ်စဉ် (၅) ကို Zoom Platform အား အသုံးပြုကာ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးမည်ဖြစ်ပါ၍ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတင်ခြင်းသင်တန်းဖြစ်ပါ၍ အနိမ့်ဆုံးအနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာအခြေခံအသိပညာရှိထားပြီးသောသူများ၊ နယူးမြန်မာဖောင်ဒေးရှင်းမှစီစဉ်သော လူ့အခွင့် အရေးအခြေခံသင်တန်းဖြစ်စေ၊ အခြားသောအဖွဲ့အစည်းများမှ ပို့ချပေးသော လူ့အခွင့်အရေး အခြေခံသင်တန်းတစ်ခုခုဖြစ်စေ ပြီးမြှောက်အောင်မြင်ထားသူများသာ လျှောက်ထားပေးပါရန် လေးစားစွာ အသိပေးအပ်ပါသည်။ ဤသင်တန်းအပတ်စဉ်အတွက် ယခုလျှောက်လွှာ ခေါ်ယူခြင်းမှ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ရွေးချယ်ကာ ဆက်သွယ်တက်ရောက်စေမည် […]
(၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပ

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် (၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင် အသက်ပေးလှူသွားရသော ရဟန်းရှင်လူ ၊ ကျောင်းသား ၊ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် “ ၃၀ “ စက္ကန့် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နယူးမြန်မာဖောင်ဒေးရှင်း၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 𝐃𝐫. 𝐒𝐚𝐧𝐧 𝐀𝐮𝐧𝐠 မှ အဖွင့်အမှာ စကားပြောကြားပြီး အထူးဖိတ်ကြား ထားသော ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) နှင့် […]
နယူးမြန်မာဖောင်ဒေးရှင်း (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻) ၏ စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ လုပ်ငန်းအစီအစဉ် (𝗠𝗛𝗣𝗦𝗦 𝗣𝗿𝗼𝗴𝗿𝗮𝗺) အတွက် အကြံပေးသူ (𝗖𝗼𝘂𝗻𝘀𝗲𝗹𝗼𝗿) ခေါ်ယူခြင်း

ရာထူး – စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ အကြံပေးသူ တည်နေရာ – New Myanmar Foundation နယူးမြန်မာဖောင်ဒေးရှင်း (NMF) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။ ပင်မလုပ်ငန်းတာဝန်များ (၁) စိစစ်အကဲဖြတ်မှုလုပ်ငန်းစဉ် – တစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးလိုအပ်ချက်များကို သတ်မှတ်ရန် ကနဦးအကဲဖြတ်မှုများ ပြုလုပ်ခြင်း၊ (၂) အကြံဉာဏ်ပေးမှုလုပ်ငန်းစဉ် – သက်သေအခြေပြု တိုင်ပင်ဆွေးနွေးမှုကုထုံးနည်းလမ်းများ အသုံးပြု၍ တစ်ဦးချင်းစီ အတွက် အကြံဉာဏ်ပေးမှုများ ပြုလုပ်ခြင်း၊ (၃) […]
𝟮𝟱-𝟎𝟖-𝟐𝟎𝟐𝟓 မှ 𝟏𝟑-𝟎𝟗-𝟐𝟎𝟐𝟓 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

25 . 8 . 2025 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှို – 2 kg ၊ ဘူးသီး – 47 kg ၊ ရုံးပတီသီး – 23 kg ၊ ချဉ်ပေါင်ရွက် – 17 kg ၊ သခွါးသီး – 38 kg နှင့် ပဲတောင့်ရှည် – 25.5 kg စုစုပေါင်း = 152.5 kg အား ( Love and Care ) ကျောင်း သို့ လူဦးရေ – 610 ဦး စာအတွက် […]
အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ရန် စိတ်ပါဝင်စားသူများအတွက် သတင်းကောင်းပါးခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံ စက်ချုပ်မော်တာသင်တန်းများအား အခမဲ့ပေးအပ်လျှက်ရှိပြီး သင်တန်းကာလတစ်လျှောက် နေရေးထိုင်ရေးနှင့် စားသောက်စရိတ်များ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည့်အပြင်၊ သင်တန်းဆင်းသွားသည့် သင်တန်းသူ/သား များအား မဲဆောက်မြို့ရှိ စက်ချုပ်အလုပ်ရုံများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ယခုစက်ချုပ်သင်တန်းအား စိတ်ပါဝင်စားမှုရှိပြီး တက်ရောက်လိုပါက မိမိတို့ အမည်နှင့် ဖုန်းနံပါတ်များဖြည့်သွင်း၍ ကြိုတင်စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းများအား လစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ မိမိတို့အနေဖြင့် ယခုပဲ ကြိုတင်စာရင်းပေးသွင်းရန်အတွက် ယခုဖော်ပြပါ ပို့စ်၏ ပုံပါ (𝐐𝐑 𝐜𝐨𝐝𝐞) အား မိမိတို့ဖုန်းမှ စကန်ဖတ်၍ ဖောင်ဖြည့်စာရင်းသွင်း၍ဖြစ်စေ၊ 𝗚𝗼𝗼𝗴𝗹𝗲 𝗳𝗼𝗿𝗺 𝗹𝗶𝗻𝗸 ကနေ့တဆင့်ဖြစ်စေ၊ https://forms.gle/ZMaUfVcoWXbaCM4W7 စက်ချုပ်သင်တန်းတာဝန်ခံ၏ဖုန်းနံပါတ် ၀၆၃၃၈၄၉၉၁၀ သို့ ရုံးချိန် […]
𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရွှေ့ပြောင်းရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် မေလမှ စတင်၍ အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးလျှက်ရှိနေပါသည်။ ရည်ရွယ်ချက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အခြားသော ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သူများအနေဖြင့်လည်း လိုအပ်ပါက ဆက်သွယ်နိုင်ပါသည်။ အောက်ပါ […]
𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

New Myanmar Foundation ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၅ သြဂုတ်လအထိ လူဦးရေ (900) ဝန်းကျင်ခန့် အရေးပေါ် အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ • ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလော ရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ • ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ • ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် […]