𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့ နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်)

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်)အား ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ ပြုလုပ်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသောအခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ++++++++ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေးပေးနိုင်ရန် ရည်ရွယ်ပါသည်။ Blossom Future […]
အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ခြင်းအစီအစဉ်နှင့်ပတ်သက်၍ အသိပေးကြေညာချက်

ရက်စွဲ ။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ Blossom Future (ပွင့်သစ်ဝေ) မှ ဆောင်ရွက်လျက်ရှိသော အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်သည် သတ်မှတ်ထားသည့် Project ကာလ ပြီးဆုံးသွားပြီဖြစ်ပါသဖြင့် အဆိုပါအစီအစဉ်ကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်ကို ပြန်လည်စတင်မည့်အချိန်နှင့် လျှောက်လွှာများ လက်ခံမည့်ရက်များအား Blossom Future (ပွင့်သစ်ဝေ)၏ Facebook Page မှတစ်ဆင့် ကြိုတင်အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်ကာလအတွင်း လိုအပ်သူများထံ အကူအညီများ ထိရောက်စွာ ရောက်ရှိနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသူများ၊ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို Blossom Future (ပွင့်သစ်ဝေ)မှ အထူးကျေးဇူးတင်ရှိပါသည်။ Blossom Future (ပွင့်သစ်ဝေ) ဆက်သွယ်မေးမြန်းရန် Emergency Food Support […]
𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)အား ၂၀၂၅ ခုနှစ်၊ ဧပြီလမှစတင်၍ ပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေစိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ပါကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ++++++++ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေးပေးနိုင်ရန် ရည်ရွယ်ပါသည်။ Blossom Future […]
Blossom Future (ပွင့်သစ်ဝေ) မှ ထိခိုက်လွယ်သော အမျိုးသမီးများအတွက် ယာယီနေရာထိုင်ခင်း ထောက်ပံ့ခြင်းအစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာကြသော မြန်မာ ပြည်သူများအတွက် ယာယီနေရာထိုင်ခင်းများအား ၂၀၂၁ခုနှစ်မှ ဧပြီလမှစတင်၍ ထောက်ပံ့ကူညီ ပေးလျှက် ရှိပါသည်။ ယခုအခါ Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင် အမျိုးသမီးသီးသန့်နေထိုင်ခွင့်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အထူးသဖြင့် _ ❖ အကြမ်းဖက်ခံရသော အမျိုးသမီးများ၊ ❖ တစ်ကိုယ်တည်း မိခင်များ ❖ မှီခိုရာမဲ့ အမျိုးသမီးများ ❖ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းချက်ရှိသောအမျိုးသမီးများ ❖ စားဝတ်နေရေး ခက်ခဲလျက်ရှိသော အမျိုးသမီးများအား ဦးစားပေးရွေးချယ် နေထိုင်ခွင့်ပြုသွားမည် ဖြစ်ပါသည်။ အမျိုးသမီးဆောင် တစ်ခန်းလျှင် (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ […]
၂၀၂၆ ခုနှစ် (စက်တင်ဘာလ) အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ (၂) လစာ အတွက် (လူသစ်များ) ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date – 07-Sep-2026 မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် လိုအပ်မည့် အထောက်အထားများပြရန် လိုအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား CDM […]
Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်၊ မြူနီစပယ် ဧရိယာရှိ ရွှေပြောင်း မြန်မာအမျိုးသမီးများနှင့် ရွှေ့ပြောင်း မြန်မာကျောင်းများ ဖြစ်သောပါရမီကျောင်း၊ Light School၊ ဆာမူထောကျောင်းများရှိ ကျောင်းသူနှင့်ဆရာမများ အတွက်အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း (Female Hygiene Kits) များ လှူဒါန်းခြင်း။

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်၊ မြူနီစပယ် ဧရိယာရှိ ရွှေ့ပြောင်းမြန်မာအမျိုးသမီး (၁၆၄) ဦး၊ ရွှေ့ပြောင်းမြန်မာကျောင်းများ ဖြစ်သော ပါရမီကျောင်း” ရှိ ကျောင်းသူနှင့်ဆရာမ (၈၀) ဦး၊ ” Light School” ကျောင်း ရှိကျောင်းသူနှင့် ဆရာမ (၂၀) ဦး၊ ဆာမူထောကျောင်းရှိ ကျောင်းသူနှင့်ဆရာမ (၁၆) ဦးအတွက် လိုအပ်သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female […]
Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေပြောင်း မြန်မာကျောင်းများ ဖြစ်သော”ဆာသုလေကျောင်း၊ ” SAW ” ကျောင်း၊ သွေးသစ်ကျောင်းရှိ ကျောင်းသူနှင့်ဆရာမများ အတွက် အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း (Female Hygiene Kits)များ လှူဒါန်းခြင်း။

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာကျောင်းများ ဖြစ်သော ဆာသုလေကျောင်း” ရှိ ကျောင်းသူနှင့်ဆရာမ (၄၆) ဦး၊ ” SAW” ကျောင်း ရှိကျောင်းသူနှင့် ဆရာမ (၃၀) ဦး၊ သွေးသစ်ကျောင်းရှိ ကျောင်းသူနှင့်ဆရာမ (၈၉) ဦးအတွက် လိုအပ်သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ_ လူတစ်ဦးစာလျှင် […]
တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့် စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့ လျှောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခု အခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အား ထပ်မံ၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ နေအိမ်၊ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင်မွေးမြူရေးလုပ်ငန်း အသေးစား လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်း ကောင်းပါးအပ်ပါသည်။ အစီအစဉ်အကြောင်းအရာ ————————— လုပ်ငန်းစဉ်ကာလ ၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ) လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက် ————————————————————— ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၁၀၅၅ […]
စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (Application form for resilience Training workshop)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ စက်တင်ဘာလအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ======== သင်တန်း၏ အဓိက ရည်ရွယ်ချက်မှာ မဲဆောက်မြို့အတွင်း ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။ […]
Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အကျဉ်းထောင်ရှိ အမျိုးသမီးများ အတွက် Female Hygiene Kits များ လှူဒါန်းခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများအပါအဝင် အမျိုးသမီးအကျဉ်းသူ (၁၄၇) ဦး အတွက် လိုအပ်သော တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို မဲဆောက်အကျဉ်းထောင် တာဝန်ရှိ သူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ လူတစ်ဦးစာလျှင်_ လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု) […]