နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၈) သင်တန်းဖွင့်ပွဲအခမ်းအနား

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၇၈)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၂) ရက်နေ့၊ ညနေ(၄:၀၀) အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၆)ဦး၊ သင်တန်းသား (၅)ဉီး စုစုပေါင်း (၁၁) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ New Myanmar foundation မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင်ရရှိအောင် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 အရေးပေါ် အခြေခံစားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ • ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ • ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ • ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ […]

(မတ်လ) အတွင်း ၂၀၂၆ မတ် နှင့် ဧပြီ (၂) လစာ အတွက် ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား CDM များ / မိသားစုဝင်များ ၃။ စစ်/ရဲ […]

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ(၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံ ကွန်ပျူတာသင်တန်း အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညနေ (၀၄း၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ ကွန်ပျူတာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၁၈)ကိုတက်ရောက်အောင်မြင်ခဲ့သည့် LGBT(၁)ယောက်၊ သင်တန်း သား (၉)ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင်ဦးစွာ သင်တန်းဆရာမမှ သင်တန်းသား/သူများအား သင်တန်းကလတစ်လျှောက် စိတ်အား ထက်သန်စွာနှင့် မပျက်မကွက် တက်ရောက်သင်ကြားပေးခဲ့ကြတဲ့အတွက် သင်တန်းသူ၊ သင်တန်းသားများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ Basic Level နှင့် လျော်ညီတဲ့ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၉) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ရက်နေ့မှ ၂၇ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၇၉)အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲအမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ(၁၂) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် • သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ […]

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၇) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ညနေ (၄:၀၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၇)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၇)ယောက်၊ သင်တန်းသား (၄)ယောက် စုစုပေါင်း(၁၁)ဦးရှိပါသည်။ သင်တန်းဆင်းပွဲတွင် ပထဦးစွာ သင်တန်းဆရာမဒေါ်မေသန္တာလှိုင် မှ သင်တန်းသား/ သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမအရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ်ပညာရပ်နှင့်ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလိုကြောင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် မြောက်မြောက် ထိထိရောက်ရောက် […]

𝐓𝐡𝐞 𝐏𝐫𝐞𝐝𝐚𝐭𝐨𝐫𝐲 𝐇𝐞𝐠𝐞𝐦𝐨𝐧 – 𝐏𝐚𝐫𝐭 𝟏

အနှစ်ချုပ်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ အတွင်း အမေရိကန်၏ ကမ္ဘာ့ဗျူဟာသည် စစ်အေးတိုက်ပွဲကာလ စေတနာရှေ့ထားသည့် ဗိုလ်ကျစိုးမိုးသူ (Benevolent hegemon) အဖြစ်မှသည်၊ တနိုင်ငံတည်း ဗိုလ်ကျစိုးမိုးသည့်ခေတ်တွင် မာနထောင်လွှားသော အုပ်ချုပ်သူအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သို့သော် ဒုတိယသက်တမ်းဖြစ်သော ယနေ့ ထရမ့်လက်ထက်တွင်မူ အမေရိကန်သည် မိမိကိုယ်ကျိုးအတွက်သာ ကြည့်ပြီး မဟာမိတ်များကိုပင် အမြတ်ထုတ်သော “သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသူ” (Predatory hegemon) အဖြစ်သို့ ကူးပြောင်းလာသည်။ ဤဗျူဟာသည် ကမ္ဘာကြီးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ် ရှုမြင်ပြီး၊ မည်သည့်အပေးအယူတွင်မဆို အခြားသူများထက် မိမိက ပိုမိုရရှိရန်နှင့် အကြီးဆုံးဝေစုကိုသာ ရယူရန် ကြိုးပမ်းခြင်းဖြစ်သည်။ စေတနာရှိသော ဗိုလ်ကျစိုးမိုးသူသည် မဟာမိတ်များ ကြွယ်ဝမှ မိမိလည်း ကြွယ်ဝမည်ဟု ယုံကြည်ကာ စည်းမျဉ်းများကို […]

𝐓𝐡𝐞 𝐏𝐫𝐞𝐝𝐚𝐭𝐨𝐫𝐲 𝐇𝐞𝐠𝐞𝐦𝐨𝐧 – 𝐏𝐚𝐫𝐭 𝟑

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း – အပိုင်း ၃ ဤမျှသာမက အခြားနိုင်ငံများသည် အမေရိကန်စီးပွားရေးနှင့် ၎င်း၏ ချမ်းသာကြွယ်ဝ သော စားသုံးသူများထံ ဝင်ရောက်ခွင့် လိုချင်နေကြဆဲ ဖြစ်သော်လည်း အမေရိကန်သည် တခု တည်းသော ရွေးချယ်စရာ မဟုတ်တော့ပေ။ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယကုန်စည်များ အပေါ် အခွန်နှုန်းထားကို ထရမ့်က ၅၀ ရာခိုင်နှုန်းအထိ အလွန်အမင်း တိုးမြှင့်လိုက်ပြီးနောက် မကြာမီမှာပင် ဝန်ကြီးချုပ် မိုဒီသည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နှင့်အတူ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပေကျင်းသို့ ပျံသန်းခဲ့သည်။ ဒီဇင်ဘာလတွင် ပူတင်သည် နယူးဒေလီရှိ မိုဒီထံသို့ လာရောက်လည်ပတ်ခဲ့ပြီး ထိုနေရာတွင် အိန္ဒိယဝန်ကြီးချုပ်က သူ၏နိုင်ငံနှင့် ရုရှားအကြား ချစ်ကြည်ရေးမှာ […]

𝐓𝐡𝐞 𝐏𝐫𝐞𝐝𝐚𝐭𝐨𝐫𝐲 𝐇𝐞𝐠𝐞𝐦𝐨𝐧 – 𝐏𝐚𝐫𝐭 𝟐

ထရမ့်သည် အမေရိကန်၏ အာဏာကို မည်သို့ကိုင်တွယ်အသုံးချသနည်း – အပိုင်း ၂ အတိုချုပ်ပြောရလျှင် သားရဲကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျသူသည် နှစ်နိုင်ငံဆက်ဆံရေးကို အနိုင်နှင့်အရှုံးသာရှိသော (Zero-sum) အနေအထားအဖြစ်သာ ရှုမြင်ပြီး တခုချင်းစီထံမှ အကြီး မားဆုံးသော အကျိုးအမြတ်ကို ထုတ်ယူရန် ကြိုးပမ်းသည်။ “ငါ့ပစ္စည်းက ငါ့ပစ္စည်း၊ မင်းပစ္စည်း ကတော့ ညှိနှိုင်းလို့ရတယ်” ဟူသောအယူအဆကို လက်ကိုင်ထားသည်။ ရှိနှင့်ပြီးသား သဘော တူညီချက်များအား တန်ဖိုးမထား၊ လေးစားလိုက်နာလိုခြင်းမရှိ။  ၎င်းတို့အတွက် တဖက်သတ် အကျိုးအမြတ်များကို မပေးနိုင်တော့ပါက စွန့်ပယ်ခံရမည် သို့မဟုတ် လျစ်လျူရှုခံရမည် ဖြစ်သည်။ အမြတ်ထုတ်ရန် ကြိုးပမ်းမှုအချို့တွင် ဆုံးရှုံးမှုရှိနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ အင်အား အကြီး ဆုံး နိုင်ငံများပင်လျှင် အခြားသူများထံမှ အမြတ်ထုတ်သည့်အခါ အကန့်အသတ်များ ရှိပါသည်။ သို့သော် […]

error: Content is protected !!