တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ်မှ ဝက်မွေးမြူရေးလျှောက်လွှာ လူပြည့်ပြီဖြစ်ကြောင်း အသိပေးခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် လျှောက်လွှာတင်ထားသော ဖောင်များကိုလည်း စိစစ်ရွေးချယ်လျက်ရှိပြီး ရွေးချယ်ခံရသူများအား ကြိုတင် အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ဖြန့်ဖြူးမည့်ရက်မတိုင်ခင် ၁ ရက်အလိုတွင်လည်း ဖုန်းဖြင့်ထပ်မံခေါ်ဆို၍ အကြောင်းကြားပေးပါမည်။

ယခုနှစ် အောက်တိုဘာလမှစတင်ပြီး ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိရာ သက်ရှိများကို ဖြန့်ဖြူးရခြင်း ဖြစ်သည့်အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခု သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🚨🚨🚨 အရေးကြီးအသိပေးချက် (ဝက်မွေးမြူရေးလျှောက်လွှာ လက်ခံမှုပိတ်သိမ်းခြင်း)

ဝက်မွေးမြူရေးထောက်ပံ့ရေးအတွက် လျှောက်ထားသူ အရေအတွက်မှာ သတ်မှတ်ထားသော အရေအတွက် (အိမ်ထောင်စု ၂၄၅ စု) ပြည့်မြောက်သွားပြီဖြစ်ပါသဖြင့် ဝက်မွေးမြူရေး လျှောက်လွှာများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

အသေးစားမွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ်တာဝန်ခံ

ဆက်သွယ်ရန်

ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် – +66 635 804 509/ +66 945 595 084

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!