

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
၂၀၂၆ နိုဝင်ဘာလအတွင်း ပုံမှန်ရိက္ခာလျှောက်ထားမှုများကို 04-Nov-2026 မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ)၊ အသက်(၆၀)အထက်ပုဂ္ဂိုလ်များ(ကျောထောက်နောက်ခံသား/သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။
အထက်ပါအချက်များအတွက် လိုအပ်မည့် အထောက်အထားများပြပါရန် ပန်ကြားအပ်ပါသည်။
အောက်ပါပုဂ္ဂိုလ်များအပါအဝင် ဒီမိုကရေစီအင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ စစ်/ရဲ နှင့် အရပ်သား CDM များ / မိသားစုဝင်များ။
၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များ။
၃။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင် မိသားစုဝင်များ။
ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန်မလိုပါ။
အသက် ၁၉ နှစ် မှ ၄၉ နှစ် အတွင်း အမျိုးသားများအတွက် အလှူရှင်ဘတ်ဂျက်အခက်အခဲကြောင့် လျော့ချရမည်ဖြစ်၍ ရိက္ခာပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အလှူရှင်ဘက်မှ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ ကြုံတွေ့ရပါက ရိက္ခာလျှောက်ထားသူ အားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမမခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်။
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာလျှောက်ထား၍ မရပါ။
ယခု အောက်တိုဘာလအတွင်း ရိက္ခာလျှောက်ထားရမည့်(ရက်)များ ဆက်သွယ်ရန်ဖုန်းနံပါတ်
04-Nov-2026 (ဗုဒ္ဓဟူး) မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ။
05-Nov-2026 (ကြာသပတေး) မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ။
06-Nov-2026 (သောကြာ) မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ။
09-Nov-2026 (တနင်္လာ) မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ။
10-Nov-2026 (အင်္ဂါ) မနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ လူသစ်များအနေဖြင့် Phone: 0660273746 သို့ ပထမဦးဆုံးဆက်သွယ်ပေးပါရန်နှင့် လိုအပ်သည်များ အမေးအဖြေပြုလုပ်ပြီးပါက Signal no: +66 659 252 173 မှ Google Form link ချပေးမည်ဖြစ်ပါသည်။
ရိက္ခာလျှောက်ထားရန် သတ်မှတ်ရက်များ
လူသစ်/လူဟောင်းအားလုံး ဖောင်ပြန်ဖြည့်ရန်လိုအပ်ပါသည်။ လူဟောင်းများအနေဖြင့် Signal နံပါတ်: +66 659 252 173 သို့ ဆက်သွယ်ပေးပါရန်နှင့် ဆရာ/ဆရာမတို့ရဲ့ တစ်ဦးချင်း Signal မှ Google Form link ချပေးသွားမည်ဖြစ်ပါသည်။
Basic Food Program
Phone: 066 027 3746
Signal: +66 659 252 173