
Blossom Future သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ Safe House အစီအစဥ်အား ဆောင်ရွက်လျက်ရှိရာ Safe House များတွင် တခြားသူများနှင့်အတူနေထိုင်ရန် အခက်အခဲရှိသူများအတွက် သီးခြားနေရာထိုင်ခင်း၊ အိမ်ခန်း (Individual Housing) များကို ထောက်ပံ့ပေးလျက်ရှိပါသည်။ ၎င်းအစီအစဉ် အတွက် ဝန်ထမ်း (Program Assistant) လျှောက်လွှာများ ခေါ်ယူနေပါသည်။
ရာထူး – Safehouse Individual Housing Program Assistant ။
လျှောက်လွှာလက်ခံမည့်ကာလ – ၃.၁၁.၂၀၂၆ ရက် မှ ၁၀.၁၁.၂၀၂၆ ရက်နေ့အထိ ။
နေရာ – မဲဆောက်မြို့ ။
အစမ်းခန့်ကာလ – ၃ လ ။
လစာ – ၁၀၀၀၀ – ၁၂၀၀၀ ဘတ် (အတွေ့အကြုံပေါ်မူတည်၍ လစာပြောင်းလဲပါမည်)။
အစီအရင်ခံရမည့်သူ – Project Officer ။
ခန့်အပ်မည့်ပုံစံ – အချိန်ပြည့် (လူကိုယ်တိုင်)။
ခန့်အပ်မည့်ဦးရေ – ၁ ဦး ။
လုပ်ဆောင်ရမည့်တာဝန်များ
================
Blossom Future ၏ သီးခြားနေရာထိုင်ခင်း (Individual Housing) Program တွင်
• မဲဆောက်မြို့အတွင်းရှိ ကျန်းမာရေး/ အသက်အရွယ်/ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်များအရ/ မိမိဘာသာ နေထိုင်ရပ်တည်ရန် အတွက်လည်းကောင်း၊ အများနှင့်အတူနေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိသူများကို ရှာဖွေစာရင်း ပြုစုနိုင်ရမည်။
• နေထိုင်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာသည်များအား ပြန်လည်ဖြေဆို ဆောင်ရွက်၍ စိစစ်အတည်ပြုပေးရမည်။
• နေထိုင်သူများအား စာရင်းရေးသွင်းခြင်း၊ စည်းကမ်းချက်များနှင့် အခွင့်အရေးဆိုင်ရာအကြောင်းများ ရှင်းလင်းပြောကြားခြင်း (Registration and Orientation) ပြုလုပ်ပေးရမည်။
• နေထိုင်သူများ၏ လိုအပ်ချက်များအား ကောက်ယူခြင်းနှင့် ဖြည့်ဆည်းပေးခြင်း (Need Assessment နှင့် Care Plan)တို့အား ဆောင်ရွက်ပေးရမည်။
• နေထိုင်သူများနှင့် ပတ်သက်သော စာရင်းများအား Project Officer ထံသို့ အချိန်မီတင်ပြရပါမည်။
• နေထိုင်သူများနှင့် လစဉ်အစည်းအဝေးများကို ပြင်ဆင်/ ကျင်းပ၍ အစည်းအဝေးမှတ်တမ်းများ ရေးသားရမည်။
• နေထိုင်သူများ၏ လူမှုရေး၊ ကျန်းမာရေးကိစ္စရပ်များကို Project Officer နှင့်ညှိနှိုင်း၍ လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။
• ပေါ်ပေါက်သော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးရမည်ဖြစ်ပြီး အချိန်နှင့်တပြေးညီ တာဝန်ခံထံသို့ တင်ပြရပါမည်။
• နေထိုင်သူများအတွက် အကျိုးရှိစေနိုင်မည့်သင်တန်းများ၊ ဟောပြောပွဲများကိုလည်း စိစစ်ရွေးချယ် ကျင်းပပေးရမည်။
• လစဥ်သွားရောက်ကြည့်ရှူ၍ လိုအပ်သည်များကို ဖြည့်ဆည်းပေးရမည်
• လစဉ်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာအား ရေးသားပြုစု၍ Project Officer ထံ တင်ပြရမည်။
အတွေ့အကြုံလိုအပ်ချက်
==============
• Management ပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
• အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။
• လစဉ်အစီရင်ခံစာများ ရေးသားနိုင်သူဖြစ်ရမည်။
• လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး နေထိုင်သူများအပေါ် စိတ်စေတနာထားကာ ဖြည့်ဆည်းပေးနိုင်သူ ဖြစ်ရမည်။
• စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာပြောဆိုတတ်သူဖြစ်ရမည်။
• အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
• အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
• အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment )၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။
• လုပ်ငန်းကိစ္စရပ်များနှင့် နေထိုင်သူများ၏ ပုဂ္ဂလိကဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
• ဆိုင်ကယ်မောင်းနှင်နိုင်ပြီး ထိုင်းနိုင်ငံမှ ဆိုင်ကယ်မောင်းနှင်ခွင့်လိုင်စင် ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
• တရားဝင် Work Permit (အလုပ်လုပ်ကိုင်ခွင့်လက်မှတ်) ရှိသူဖြစ်ရမည်။
• အဖွဲ့အစည်း၏ အစီရင်ခံစာများနှင့် Social Media ပလက်ဖောင်းများတွင် အသုံးပြုမည့် ဓာတ်ပုံများ၌ မျက်နှာဖော်ပြရန် သဘောတူနိုင်သူဖြစ်ရမည်။
• English စာတတ်ကျွမ်းသူ ဦးစားပေးပါမည်။
လျှောက်လွှာတင်ရန်
============
လျှောက်ထားလိုသူများသည်
Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။
Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက်တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ပြည်စုံစွာ ထည့်သွင်းပေးပို့ပေးရန်။
Shortlisted candidate များကို rolling basis ဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး အရည်အချင်းပြည့်မီသူရရှိသွားပါက လျှောက်လွှာကို ပိတ်သွားမည်ဖြစ်သောကြောင့် လျှောက်ထားလိုသူများအနေဖြင့် အမြန်ဆုံးလျှောက်ထားကြပါရန်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 & HR Officer
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org