
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။
Blossom Future (ပွင့်သစ်ဝေ)မှ စက်တင်ဘာလအတွက် အခြေခံစားနပ်ရိက္ခာထုတ်ယူရန် အကြောင်းကြားစာ ရရှိထားသော်လည်း ယခုအချိန်အထိ လာရောက်ထုတ်ယူခြင်း မရှိသေးသည့် ဆရာ/ဆရာမများအနေဖြင့် “၂၉.၁၀.၂၀၂၆” ရက် (ကြာသပတေးနေ့) နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအတွင်း ဆရာ/ဆရာမတို့၏ တစ်ဦးချင်း Signal များထံ ပေးပို့ထားသည့် သတ်မှတ်တည်နေရာနံပါတ် (၁) တွင် လာရောက်ထုတ်ယူပေးကြပါရန် လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
၂၉.၁၀.၂၀၂၆ ရက် (ကြာသပတေးနေ့) သည် ရိက္ခာလာရောက်ထုတ်ယူရန် နောက်ဆုံးသတ်မှတ်ထားသည့်နေ့ရက် ဖြစ်ပါသဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက ပယ်ဖျက်စာရင်းဝင်သွားမည် ဖြစ်ပါကြောင်း ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ ဆရာ/ဆရာမများအနေဖြင့် နောက်ဆုံးသတ်မှတ်ထားသည့် နေ့ရက်နှင့် အချိန်အတွင်း မပျက်မကွက် လာရောက်ထုတ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးတင်စွာဖြင့်
Basic Food Program
Blossom Future (ပွင့်သစ်ဝေ)