Blossom Future (ပွင့်သစ်ဝေ)မှ အရေးပေါ်ငွေကြေး ကူညီထောက်ပံ့ခြင်း အစီအစဉ်

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်

မင်္ဂလာပါ။

Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။

Blossom Future မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်ကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ၂၀၂၁ ခုနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ မဲဆောက်မြို့အတွင်း စားဝတ်နေရေး၊ နေရာထိုင်ခင်း၊ အရေးပေါ်ကျန်းမာရေးနှင့် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသော မြန်မာပြည်သူ/သားများအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှု အစီအစဉ်အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထောက်ပံ့ငွေပမာဏ တစ်ဦးလျှင် မိမိတို့၏ လိုအပ်ချက်ပေါ်မူတည်၍ အများဆုံးဘတ် (၂,၄၀၀) အထိ ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

လျှောက်ထားနိုင်သူများ_

ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့အတွင်း နေထိုင်လျက်ရှိပြီး

• အရေးပေါ်စားဝတ်နေရေး နှင့် အခက်အခဲကြုံတွေ့နေရသူများ

• အရေးပေါ်ကျန်းမာရေးကုသမှု လိုအပ်နေသူများ

• အရေးပေါ်ငွေကြေးလိုအပ်မှုအခြေအနေ ကြုံတွေ့နေရသူများ

•ကိုယ်ဝန်ဆောင် မိခင်၊တစ်ကိုယ်တည်းမိခင်၊ မှီခိုရာမဲ့ အမျိုးသမီးငယ်နှင့် မသန်စွမ်းသူများ

သို့ဖြစ်ပါ၍ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်တွင်ဖြစ်စေ အထက်ဖော်ပြပါ အရေးပေါ်အခြေအနေများတွင် ရင်ဆိုင်နေရသော မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ ပေးအပ်လျက်ရှိသော ငွေကြေးထောက်ပံ့အကူအညီအား ရယူနိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။

မှတ်ချက်။ ။ ထောက်ပံ့သွားမည့် ငွေကြေးပမာဏနှင့် လူဉီးရေအရေအတွက်မှာ အကန့်အသတ်ရှိပါသဖြင့် အဖွဲ့အစည်းမှ ချမှတ်ထားသော အရေးပေါ်အခြေအနေလိုအပ်မှု စံသတ်မှတ်ချက်များနှင့် တစ်ဦးတစ်ယောက်ချင်း၏ လိုအပ်ချက်အခြေအနေပေါ်မူတည်၍ သတ်မှတ်ချက်စံနှုန်းနှင့် ကိုက်ညီသူများ ကိုသာ ဦးစားပေး ရွေးချယ်ကူညီထောက်ပံ့သွားမည်ဖြစ်ပြီး ရရှိမည့်ထောက်ပံ့ငွေပမာဏမှာ လိုအပ်ချက်အခြေအနေပေါ် မူတည်၍ ငွေကြေးပမာဏ တူညီနိုင်မည်မဟုတ်ပါ။

လျှောက်ထားရန်

—————-

လျှောက်ထားလိုသူများအနေဖြင့် Blossom Future (ပွင့်သစ်ဝေ)မှ တာဝန်ခံ၏ ဖုန်းနံပါတ် / Signal – +66967656387နံပါတ်သို့ အပတ်စဉ် ရုံးဖွင့်ရက်များဖြစ်သော တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအတွင်း ဆက်သွယ်မေးမြန် လျှောက်ထားနိုင်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!