ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် မြန်မာဘာသာစကား မတတ်ကျွမ်းသော မြန်မာ ရွှေ့ပြောင်း အသိုင်းအဝိုင်းများအား Blossom Future (ပွင့်သစ်ဝေ) မှ အခမဲ့ လူကိုယ်တိုင် (In Person) ၊ လိုအပ်ပါက အိမ်တိုင်ရာရောက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းပုဂ္ဂိုလ်သည် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များအား လိုအပ်သူများ ရရှိနိုင်ရန်အတွက် အကြံပြုဆောင်ရွက် ပေးခြင်း၊ လက်တွေ့ လျှောက်လွှာများ ဖြည့်သွင်းပေးခြင်း၊ ချိတ်ဆက်ပေးခြင်းနှင့် သတင်းအချက်အလက်များ မျှဝေပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါသည်။
ရာထူး Burmese Language Trainer
လျှောက်လွှာလက်ခံမည့်ကာလ ၂၁.၀၅.၂၀၂၆ မှ ၂၈ .၀၅.၂၀၂၆ အထိ
စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇အထိ
နေရာ မဲဆောက်
အစမ်းခန့်ကာလ ၃လ
အစမ်းခန့်လစာ ၁၃,၀၀၀ ဘတ်
ပုံမှန်လစာ ၁၅,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ Project Manager
ခန့်အပ်မည့်ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)
ခန့်အပ်မည့်ဦးရေ ၁ ဦး
လုပ်ဆောင်ရမည့်တာဝန်များ
—————————
Blossom Future ၏ လုပ်ငန်းများတွင်
● သင်တန်းကြေညာစာများရေးသားပြင်ဆင်ပြီး လူမှုကွန်ယက်များမှတဆင့် ဖြန့်ဝေခြင်း။
● သင်တန်းတက်ရောက်ရန် လျှောက်ထားလာသူများ၏ မေးမြန်းလာမှုများအား ပြန်လည်ဖြေဆို ပေးခြင်းနှင့် သင်တန်းလျှောက်လွှာများအား စိစစ်ခြင်း။
● သင်တန်းသားများအား လိုအပ်သောလျှောက်လွှာများ ဖြည့်သွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် စီစဉ်ပေးခြင်းနှင့် သင်တန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းဝေမျှခြင်း။
● အခြေခံ မြန်မာစကားပြောသင်တန်းကို လူကိုယ်တိုင် (In Person)ပုံစံဖြင့် သင်တန်းသားများ နားလည်တတ်မြောက်စေရန် ထိရောက်စွာ သင်ကြားပေးခြင်း။
● သင်တန်းပို့ချရန် လိုအပ်သော သင်ရိုးညွှန်းတမ်းများအား ပြင်ဆင်ခြင်းနှင့် လိုအပ်သည့်အခါတိုင်း Update ပြုလုပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများ ၊ သင်ရိုးညွှန်းတမ်းများအား ကြိုတင်ပြင်ဆင် ထားခြင်း။
● သင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဝယ်ယူခြင်းနှင့် သင်တန်းတစ်လျှောက် အဆင်ပြေချောမွေ့အောင် စီမံအုပ်ချုပ်ခြင်း။
● သင်တန်းသား တက်ရောက်မှု (Attendance) စာရင်းများပြုစုခြင်း၊
● ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအား ကောင်းမွန်မျှတစွာ စီမံကိုင်တွယ်ပေးခြင်းနှင့် အချိန်နှင့်တပြေးညီ သက်ဆိုင်ရာအရာရှိထံ တင်ပြခြင်း။
● သင်တန်းသားများ၏ သင်ယူနိုင်မှုအခြေအနေ၊ အားသာချက် / အားနည်းချက်များအား သုံးသပ်ကာ လိုအပ်သလို ပံ့ပိုးကူညီပေးခြင်း။
● ထိုင်းနိုင်ငံ မဲဆောက်အတွင်းရှိ မြန်မာဘာသာစကား အခက်အခဲရှိသူများ ၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိနိုင်ရန်အတွက် ရှင်းလင်း ပြောကြားခြင်း၊ ချိတ်ဆက်ကူညီခြင်း နှင့် ဖောင်ပြင်ဖြည့်သွင်းကူညီပေးခြင်းတို့ရန် ဆောင်ရွက် ပေးရပါမည်။
● သင်တန်းပြီးဆုံးမှု အစီရင်ခံစာ၊ လစဉ် သင်တန်းတိုးတက်မှု အစီရင်ခံစာနှင့် စီမံကိန်းပြီးဆုံးပါက နှစ်ပတ်လည်အစီရင်ခံစာများအား တင်ပြပေးရမည်။
အတွေ့အကြုံလိုအပ်ချက်
————————
● မြန်မာဘာသာစကား သင်ကြားရေးတွင် ကျွမ်းကျင်စွာ အတွေ့အကြုံရှိသူ ဖြစ်ရမည်။
● တက္ကသိုလ် တခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။
● အာရဗီ (Arabic) ဘာသာစကား (သို့) အူရဒူ (Urdu)ဘာသာစကား (သို့) ဟိန္ဒီ(Hindi)ဘာသာစကား စကား တခုခု တတ်ကျွမ်းသူအား ဦးစားပေးပါမည်။
● စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ နှင့် သင်ကြားရေးပိုင်းတွင် အတွေ့အကြုံရှိသူ။
● အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိပြီး အွန်လိုင်း Platform များအား ကျွမ်းကျင်စွာ အသုံးပြုတတ်သူ။
● လစဉ် အစီရင်ခံစာများ မြန်မာ / English နှစ်ဘာသာဖြင့်ရေးသားနိုင်သူ။
● လူသာချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအပေါ် စိတ်ပါဝင်စားပြီး သင်တန်းများချောမွေ့စွာ သင်ကြားနိုင်ရန် စီမံဆောင်ရွက်နိုင်သူ၊ လူနေရပ်ကွက်များအတွင်း လှည့်လည်၍ လိုအပ်မှုများကို ကူညီပေးနိုင်သူဖြစ်ရပါမည်။
● လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။
● အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရမည်။
● အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်။
● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု / စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူ မဖြစ်ရပါ။
● လုပ်ငန်းကိစ္စရပ်များနှင့် သင်တန်းသားများ၏ ပုဂ္ဂလိကဆိုင်ရာ ကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။
● ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဖြစ်ရပါမည်။
လျှောက်လွှာတင်ရမည့်ပုံစံ
————————–
မြန်မာဘာသာစကားသင်ကြားရေးအား စိတ်ဝင်စားသော ဆရာ/ဆရာမများအနေဖြင့်
● မြန်မာဘာသာ ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
𝗔𝗱𝗺𝗶𝗻 Officer
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 810 524 966 / +66 635 322 376
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org


