(၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပ

စက်တင်ဘာလ (၁၈) ရက်၊ ၂၀၂၅ ခုနှစ်တွင် New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် (၁၈) နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင် အသက်ပေးလှူသွားရသော ရဟန်းရှင်လူ ၊ ကျောင်းသား ၊ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် “ ၃၀ “ စက္ကန့် ငြိမ်သက်ခြင်း ပြုလုပ်ခဲ့ပါသည်။

ထို့နောက် နယူးမြန်မာဖောင်ဒေးရှင်း၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 𝐃𝐫. 𝐒𝐚𝐧𝐧 𝐀𝐮𝐧𝐠 မှ အဖွင့်အမှာ စကားပြောကြားပြီး အထူးဖိတ်ကြား ထားသော ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) နှင့် ဆရာတော် ဦးကောသိဒသာရ (မှော်ဘီ) မှ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သတ်သည့် ကိုယ်တွေ့ အဖြစ်အပျက်များ မျှဝေ ပြောကြားခြင်း၊ ဦးတေဇာနန္ဒ (တန်ဆည်) မှ ရွှေဝါရောင် တော်လှန်ရေးကဗျာ ရွတ်ဖတ်ခြင်းနှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများအား ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်အနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!