IT နှင့်ပတ်သက်၍ စေတနာ့ ဝန်ထမ်း ဆရာ/ဆရာမများ ဖိတ်ခေါ်ခြင်း။

မိတ်ဆွေများရှင်

မြန်မာပြည်တွင်း၊ မဲဆောက်မြို့နှင့် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစုများအတွက် ရည်ရွယ်လျက် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ လုပ်ကိုင်ဆောင်ရွက်လျက် ရှိသော IT နှင့်ပတ်သက်သည့် လုပ်ငန်းစဥ်များအတွက် ကူညီလုပ်ကိုင်ရန် IT ကျွမ်းကျင်သော စေတနာ့ဝန်ထမ်း (၁) ဦး အလိုရှိပါသည်။

စိတ်ပါဝင်စားပါက IT ပိုင်းနှင့် ပတ်သက်သည့် အတွေ့အကြုံရှိသူများ ပါဝင်ကူညီပေးကြပါရန် နယူးမြန်မာဖောင်ဒေးရှင်း (New Myanmar Foundation) မှ လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ပါဝင်ကူညီပေးမည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့ တက်ရောက်ပြီးစီးခဲ့သော သင်တန်း ၊ ပညာရပ်များ နှင့် လုပ်ဆောင်ခဲ့သည့် IT အတွေ့အကြုံများကို ပြည့်စုံစွာဖော်ပြထားသည့် ကိုယ်ရေးအကျဥ်းတစ်စုံ (Resume) နှင့်တကွ မိမိတို့အား ထောက်ခံပေးနိုင်သော ပုဂ္ဂိုလ် (၂) ဦး လိုအပ်မည်ဖြစ်ပြီး ၎င်းပုဂ္ဂိုလ်များကို ဆက်သွယ်ရနိုင်မည့် ဖုန်းနံပါတ်၊ Signal နံပါတ် or Email လိပ်စာများ ထည့်သွင်းပေးစေလိုပါသည်။

စိတ်ပါ၀င်စားသူများသည် ၆ရက် ဒီဇင်ဘာ ၂၀၂၂နှစ် နောက်ဆုံးထား၍ အောက်ဖော်ပြပါ Email လိပ်စာသို့ ကိုယ်ရေးအကျဉ်း (Resume)များပေးပို့ပေးကြပါရန် အသိပေးအပ်ပါသည်။

အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်၊ Signal နံပါတ်နှင့် Email များထံသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

Theingi Lin

Administrator

New Myanmar Foundation

Ph: +66 626 874 266

Signal: +66 626 874 266

Email: newmyanmaroffice@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!