အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ပူးပေါင်းပြုလုပ်သော အခမဲ့အခြေခံလျှပ်စစ်မော်တာစက် ချုပ်သင်တန်း (၁၀)ရက်ကြာဖွင့်လှစ်မည့် အပတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲကို (၁-၁၂-၂၀၂၂) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင်ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ – နိုင်သလောက်ကြိုးစားကြပါ ၊ အားပေးရင်းတတ် နိုင်သလောက် ဝိုင်းဝန်းပေးသွားမှာဖြစ်ကြောင်း၊ ထိုင်းဥပဒေရွှေ့ပြောင်းအလုပ်သမားဥပဒေတွေကိုလည်း သင်မျှဝေပေးမှာဖြစ်ကြောင်း၊ ပေါင်းသင်းဆက်ဆံရေး အသိုင်းအဝိုင်းကိုလည်း ချဲ့ကြဖို့မှာချင်ကြောင်း ၊ New Myanmar Foundation ကူညီထောက်ပံ့နေမှုများကို ရှင်းပြပြီး စနစ်တကျလျှောက်လွှာတင် ရယူနိုင်ကြောင်းနှင့် အားပေးကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ/သား(၈)ဦးကို ကြိုဆိုကြောင်း ၊ ကိုယ့်နိုင်ငံအရေးတွေကို အဆက်မပြတ်ပံ့ပိုးကူ ညီကြရန်အတွက် အထည်ချုပ်ပညာကို အလေးအနက်ထား လေ့လာသင်ယူကြစေလိုကြောင်း ၊ အထည်ချုပ်ပညာသည် နိုင်ငံတကာမှာလည်း အသုံးပြုနေကြရတာမို့ ကြိုးစားသင်ယူရင်း ရှေ့ခရီးဆက်ဖို့ တိုက်တွန်းချင်ကြောင်း ၊ မောင်နှမအရင်းတွေလို အချင်းချင်းစောင့်ရှောက်ကြရင်း ဗဟုသုတဖလှယ်ရင်း စည်းကမ်းရှိစွာနဲ့ နေထိုင်သွားကြရန်မှာချင်ကြောင်း ပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးစသည့် သိထားသင့်သည့် အသိပညာများကိုလည်း ဝေငှပေးသွားမည်ဖြစ်ပါသည်။

အခြေခံမော်တာနင်းစက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!