အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲ

New Myanmar Foundation နှင့် Women Lead Resource Center တို့ ပူးပေါင်းပြုလုပ်သော အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း (၁၀)ရက်ကြာ ဖွင့်လှစ်မည့်အပတ်စဉ် (၂၇)သင်တန်းဖွင့်ပွဲကို (၁၅-၁-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ဦးစွာ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ –

ကိုယ်ပိုင်အစွမ်းအစတွေနဲ့ ဘဝကိုရပ်တည်နိုင်ဖို့ ပြင်ဆင်ကြတယ်ဆိုတာ တွေ့ရလို့ဝမ်းသာစွာကြိုဆိုပါကြောင်း ၊ New Myanmar Foundation ၏ ဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး စနစ်တကျ၊ စည်းကမ်းတကျ လျှောက်လွှာတင်ရယူနိုင်ကြောင်း ၊ လူ့အခွင့် အရေးမျှဝေတဲ့အခါရော စက်ချုပ်ပညာသင်ယူရာမှာရော စိတ်ရောကိုယ်ပါ လေ့လာသင်ယူကြဖို့ တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းတာဝန်ခံ NLD – ဧရာဝတီတိုင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ WLRC ၏ သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ/သား (၁၀) ဦးကိုကြိုဆိုကြောင်း ၊ ရောက်ရှိလာကြတဲ့ တစ်ဦးချင်းစီသည် ကိုယ့်နိုင် ငံအရေးတွေကို လစ်လျူရှုခဲ့သူတွေ မဟုတ်ဘူးဆိုတဲ့စိတ်ဓါတ်တွေကြောင့် လေးစားပါကြောင်း ၊ အချင်းချင်းစောင့်ရှောက်ကြပြီး စည်း ကမ်းရှိရှိနဲ့ အထည်ချုပ်ပညာကို အလေးအနက်ထားသင်ယူကြဖို့ အားပေးကြောင်း ၊ အထည်ချုပ် အသက်မွေးမှုပညာသည် ဒေသအသီး သီး၊ နိုင်ငံအသီးသီးမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရှိတာမို့ စနစ်တကျ အလေးထားသင်ယူသွားကြဖို့ တိုက်တွန်းချင်ပါကြောင်းပြောခဲ့ပါသည်။

သင်တန်းသားများမှလည်း တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ပါသည်။

အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာသာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးစသည့် သိထားသင့်သည့် အသိပညာများကိုလည်း ဝေငှပေးသွားမည် ဖြစ်ပါသည်။

အခြေခံမော်တာနင်းစက်ချူပ်သင်တန်းကို ပံ့ပိုးကူညီပေးပါသော Asia Democracy Network – ADN နှင့် Australian Aid ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!