𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 လျှောက်ထားခြင်း အစီအစဉ်

နယူးမြန်မာဖောင်ဒေးရှင်း သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်း သူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက်ရှိပါသည်။

New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါ သည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅) ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး၊ မိသားစု (၅)ဦးမရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦးလာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။

Safe House တွင်နေထိုင်စဉ် ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများ ပံ့ပိုးပေးထားပါသည်။ Wi-fi, internet များလည်း တပ်ဆင်ပေးထားပြီး သွားလာရေးအတွက် စက်ဘီးများ၊ ဆိုင်ကယ်နှင့် လိုအပ်ပါက ကားကို ကြိုတင်တောင်းဆိုပြီး အသုံးပြုခွင့်ပေးထားပါသည်။ ထို့အပြင် Safe house တွင်နေထိုင်သော မိသားစုများအတွက် အခြေခံကျန်း မာရေး စောင့်ရှောက်မှုနှင့် အသိပညာတိုးပွားစေရန် ရည်ရွယ်သော စာကြည့်တိုက်တစ်ခုကို အောက်တိုဘာလအတွင်း စတင်တည် ထောင်ထားပြီးဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် စတင်ရောက်ရှိချိန်တွင် အရေးပေါ်ရိက္ခာလျှောက်နိုင်ပြီး New Myanmar Foundation မှ ပုံမှန်အခြေခံစားနပ်ရိက္ခာအစီအစဉ်ကိုလည်း လျှောက်ထားနိုင်ပါသည်။ Safe House ကူညီပေးနိုင်သော ကာလမှာ(၂) လ (အလွန်ဆုံး ၃လ) ဖြစ်ပါသည်။ Safe House ၌နေစဉ် ကာလအတွင်း New Myanmar Foundation မှ အခမဲ့ဖွင့်လှစ်သော အင်္ဂလိပ်စာသင်တန်း၊ ထိုင်းစာသင်တန်း၊ Digital Security သင်တန်းများကို တက်နိုင်ပါသည်။ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း Safe House တွင်နေထိုင်သူများ၏ သဘောဆန္ဒပေါ်မူတည်ပြီး ကူညီရှာဖွေပေးလျှက်ရှိပါသည်။ New Myanmar Foundation ၏ Safe House တွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဖြစ်ရမည်ဖြစ်ပြီး၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့်သင့်တင့်မျှတစွာ နေနိုင်သူဖြစ်ရပါမည်။

အထက်ပါအချက်နှင့်ကိုက်ညီပြီး ထောက်ခံပေးမည့်ပုဂ္ဂိုလ် (၂) ဦးရှိပါက New Myanmar Foundation ၏ Safe House လျှောက် ထားခြင်းဆိုင်ရာ ဖုန်း/Signal နံပါတ်(၀၉၄၇၈၄၁၉၆၇) သို့ တနင်္လာမှ သောကြာနေ့များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

တာဝန်ခံ

Safe House Program

Phone: +66 (0) 947841967

Signal: +66(0) 947841967

Email: safehouse.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!