လူ့အခွင့်အရေးအခြေခံ အမြင်ဖွင့်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

New Myanmar Foundation မှ စီစဉ်ကျင်းပသော လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်း အပတ်စဉ် (၇) ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက် မှ (၂၆)ရက် အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသင်တန်းတွင်

● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား

● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း

● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း

● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ

● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ

● Digital Security & Privacy

စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

သင်တန်းအချက်အလက်များ

• သင်တန်းကျင်းပမည့်ရက် – ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက် မှ (၂၆)ရက် အထိ (၅ ရက်ကြာ)

• သင်တန်းအချိန်- မနက် (၉) နာရီမှ ညနေ (၃) နာရီထိ (ပို့ချဆွေးနွေးချိန် ၅ နာရီ၊ နေ့လယ်စာနားချိန် ၁ နာရီ)

• သင်တန်းအမျိုးအစား- Online Class (Zoom)

သင်တန်းတက်ရောက်ရန် အခြေခံလိုအပ်ချက်များ

● Online သင်တန်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် Mobile Phone/ Computer နှင့် အင်တာနက်ကို ကောင်းစွာအသုံးပြုနိုင်သူ၊

● Zoom Account နှင့် Signal/Telegram Account များရှိပြီး အသုံးပြုနိုင်သူ၊

● လူ့အခွင့်အရေးနှင့်ပတ်သက်သည်များကို သိလိုစိတ်ပြင်းပြသူ(လေ့လာလိုသူ)၊

● အခြေခံပညာအလယ်တန်းအဆင့်ထိသင်ယူခဲ့ဖူးသူ၊

● အသက်(၁၈)နှစ်ပြည့်ပြီးသူ၊

● သင်တန်းအတွင်းတက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

● သင်တန်းကာလ(၅)ရက်ကို ပြီးဆုံးသည်အထိတက်ရောက်နိုင်သူ၊

● လူ့အခွင့်အရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ကိုင်လိုသူ၊

● လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ။

**အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံးပါ၀င်တက်ရောက်ရန် အထူးတိုက်တွန်းပါသည်။ သင်တန်းသားရွေးချယ်ရာတွင် အမျိုးသမီးများပါဝင်မှု ၃၀% နှင့်အထက်ရှိစေရန် သတ်မှတ် ရွေးချယ်ပါသည်။

**သင်တန်းတက်ရောက် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

https://docs.google.com/…/1FAIpQLSdqAwrBTWC…/viewform…

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email, Signal တို့ဖြင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email/Message ကို စစ်ဆေးရန် လိုအပ်ပါသည်။

သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားပြီး ယခုကဲ့သို့ သင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပြီး ယခင်သင်တန်းများသို့ လျှောက်ထားခဲ့ရာတွင် တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Phone: +66 811 813 722

Email: humanrightsone.nmf@gmail.com, nmf.itofficer@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!