New Myanmar Foundation ၏ ရိက္ခာအစား ငွေကြေးမျှဝေခြင်းနှင့် ပတ်သက်သည့် သတင်းစကား

ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆) ရက်နေ့အတွင်း New Myanmar Foundation တွင် လျှောက်ထားသူများအား Data တိုက်စစ်ပြီး (၁၇၁၈) ဦး လက်ခံရရှိပါသည် ။ သို့သော် အလှူရှင်များ၏ ဘတ်ဂျက် အခက်အခဲကြောင့် (၁၇၁၈) ဦးထဲမှ သတ်မှတ်စံနှုန်းများဖြစ်သည့်

(၁) အသက် (၆၀) အထက် သက်ကြီးများ

(၂) အသက် (၁၁) နှစ်မှ (၁၈) ထိ ကလေးများ

(၃) အမျိုးသမီးများ

(၄) မသန်စွမ်းများ

အား စံနှုန်း သတ်မှတ်၍ ရွေးချယ်ခဲ့ရာ (၅၃၂) ဦးကိုသာ ရိက္ခာအစား ငွေကြေးဝေငှရန် အလှူရှင်ထံမှ သဘောတူညီမှု ရခဲ့ပါသည် ။

အထက်ပါ (၅၃၂) ဦးအား 15-5-2023 (တနင်္လာ) နှင့် 16-5-2023 (အင်္ဂါ) ရက်နေ့များတွင် မနက် (၉)နာရီမှ ညနေ (၅) နာရီ အချိန်အတွင်း ရိက္ခာအစားငွေကြေးမျှဝေမည်ဖြစ်ပါသည်။

ရိက္ခာထုတ်ယူခွင့် ရမည့် သူများအား Signal မှ တစ်ဦးချင်းထံ ယနေ့ 11-5-2023 / 12-5-2023 / 13-5-2023 ရက်နေ့များတွင် အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရက်အတွင်း လျှောက်ထားသူများ မိမိ Signal အားသတိပြုကြည့်ပေးကြရန် ကြိုတင် အသိပေးအပ်ပါသည်။

အထက်ပါ မျှဝေရန် ပြင်ဆင်ရမည့်အတွက် 11-5-2023 / 12-5-2023 (2) ရက်တွင် မေးမြန်းဆက်သွယ် လာသည့် ဖုန်းများအား Signal မှ သော်လည်းကောင်း ၊ Phone ကိုင်၍သော် လည်းကောင်း ယခုအချိန်မှစ၍ အကြောင်းပြန်နိုင်ခြင်း မရှိသည့်အပေါ် နားလည်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!