NEW MYANMAR FOUNDATION ၏ Women Protection & Empowerment Program အတွက် မန်နေဂျာရာထူး တာ၀န် ထမ်းဆောင်ရန် လျှောက်လွှာ များခေါ်ယူ နေပါသည်။
လျှောက်လွှာလက်ခံမည့်ကာလ : ၁.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ အထိ
နေရာ : မဲဆောက်
လစာ : အစမ်းခန့်ကာလ – ၈၀၀၀ ဘတ်
အတည်ပြုပြီးကာလ – ၁၀၀၀၀ ဘတ် မှ ၁၅၀၀၀ ဘတ် အထိ
အစီရင်ခံရမည့်သူ : Executive Director, BODs
လုပ်ဆောင်ရမည့်တာ၀န်များ
ဒေသတွင်း အမျိုးသမီးများ၏ အခက်အခဲများနှင့် ပြသနာများအား ဦးဆောင် ကူညီဖြေရှင်းပေးရမည်။
အမျိုးသမီးများနှင့် ပတ်သက်၍ အရေးပေါ်ကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်နှင့် တပြေးညီကူညီဆောင်ရွက်ပေးရမည်။
အမျိုးသမီးများအားထားရှိမည့် နေရာထိုင်ခင်းနှင့် ပတ်သက်၍ ကောင်းမွန် မျှတစွာ ဦးစီးစီမံဆောင်ရွက်ပေးရမည်။
ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ လူမှုရေး၊ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် ရုံးနှင့် ချိတ်ဆက်၍လည်းကောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍လည်းကောင်း ကူညီဆောင်ရွက် ပေးရမည်။
အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ အမှုအခင်းကိစ္စများ၊ အခြားသောဗဟုသုတဆိုင်ရာ၊ အသက်မွေး၀မ်း ကျောင်းသင်တန်း အစရှိသည်တို့အတွက် သက်ဆိုင်ရာ အမျိုးသမီးရေးရာ အဖွဲ့အစည်းများ၊ ဥပဒေ ကျွမ်းကျင်အဖွဲ့များနှင့် ချိတ်ဆက် ပူးပေါင်းကာ ဆောင်ရွက်ပေးရမည်။
ဤ Program အတွင်း အကြုံး၀င်သော အမျိုးသမီးများ၏ ပုံမှန်၀င်ငွေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အတွက်လည်း တာ၀န်ယူဆောင်ရွက်ပေးနိုင်ရမည်။
Foundation မှ ချမှတ်ထားသော စည်းမျဥ်းများနှင့်အညီ လုပ်ငန်းကို ဖော်ဆောင် ဆောင်ရွက်နိုင်ရမည်။
မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Seminar များသို့ တက်ရောက်နိုင်ရမည်။
မိမိလုပ်ငန်းနှင့် သက်ဆိုင်သော Press Conference များကိုလည်း ဦးစီးဆောင်ရွက်နိုင်ရမည်။
မိမိ၏ လုပ်ငန်းနှင့် ပတ်သက်ပြီး လစဥ် သို့ သတ်မှတ်ထားသော အချိန်များတွင် Executive Director ထံသို့ အစီရင်ခံစာ အချိန်မီတင်ပေးနိုင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
Management ပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။
လုပ်ငန်းအပေါ်တွင် စိတ်စေတနာထားပြီး နှစ်မြုပ်လုပ်ကိုင်နိုင်ရမည်။
စည်းစနစ်ကျနသူဖြစ်ရမည်။
Confidentiality and Privacy (Data & Personnel) ကို တာ၀န်ယူနိုင်သူဖြစ်ရန် မဖြစ်မနေလိုအပ်ပါသည်။
ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။
အကျင့်စာရိတ္တ ကောင်းမွန်၍ စိတ်ချရသူဖြစ်ရမည်။
English စာ တက်ကျွမ်းသူ ဖြစ်ရမည်။
ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။
ပညာအရည်အချင်း
Communication and Management Skill ကျွမ်းကျင်သူဖြစ်ရမည်။
သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်သော Certificate ရှိသူ ဦးစားပေးမည်။
အခြား
New Myanmar Foundation တွင် အနည်းဆုံး (၁) နှစ် တာ၀န်ထမ်းဆောင်နိုင်ရပါမည်။ (အစမ်းခန့်ကာလ မပါ။)
ထိုင်းနိုင်ငံအတွင်း လက်ရှိနေထိုင်သူဖြစ်ရမည်။
လျှောက်လွှာတင်ရန် : newmyanmaroffice@gmail.com
CV Form အား အထက်ပါ Email သို့ ပေးပို့ပေးပါရန်။
Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။
CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။
အသေးစိတ်မေးမြန်းလိုပါက :
Admin Officer
Phone Number – +66 62 687 4266
Signal Number – +66 62 687 4266
Email – newmyanmaroffice@gmail.com
HR & Admin Department
NEW MYANMAR FOUNDATION